၇၅ ပေါင် ဝိတ်ချပြီး သားအတွက် ကျောက်ကပ်လှူပေးခဲ့တဲ့ဖခင်

11.4.2023-yyl-iamge-1.jpg

၁၆ နှစ်သား ဟန်တာက အဆင့် ၅ ကျောက်ကပ်ရောဂါခံစားနေရသူပါ။ ၂၀၂၀ ပြည့်နှစ်မှာ ရောဂါခံစားနေရမှန်း စသိခဲ့တယ်။ သူ့ကျောက်ကပ်က ၁၆ ရာခိုင်နှုန်းပဲ အလုပ်လုပ်တော့တာပါ။ ဒီတော့ ကျောက်ကပ်အလှူရှင် လိုတယ်။ သူ့အဖေ ဒန်နီယယ်က သွေးအမျိုးအစား တူလို့ ကျောက်ကပ်လှူပေးနိုင်ပေမဲ့ ပြဿနာတစ်ခု ရှိနေတယ်။ အဲဒါကတော့ အဝလွန်နေတာပါပဲ။ အဲဒီအချိန်တုန်းက သူ့ခန္ဓာကိုယ်ဟာ ၂၇၅ ပေါင် ဖြစ်နေတယ်။ ကျောက်ကပ်လှူနိုင်ဖို့ဆိုရင် သူ့ခန္ဓာကိုယ်ကို ပေါင် ၂၀၀ အထိဖြစ်အောင် ဝိတ်ချရမယ်။

သူက တစ်နှစ်အတွင်းမှာပဲ ရည်မှန်းချက်ပြည့်ဝခဲ့တယ်။ ၁၉၅ ပေါင်အထိ ဝိတ်ချနိုင်ခဲ့တယ်။ ပြီးခဲ့တဲ့လက သူ့မွေးနေ့မှာတော့ ဟန်တာအတွက် ကျောက်ကပ်အလှူရှင်ဖြစ်ခွင့်ရပြီဆိုတဲ့ ဖုန်းခေါ်ဆိုမှု လက်ခံရရှိခဲ့ပါတယ်။ လာမယ့်ဇွန်လမှာတော့ ဒန်နီယယ်က ကျောက်ကပ်ခွဲစိတ်မှုခံယူပြီး သူ့သားအတွက် ကျောက်ကပ်လှူဒါန်းပေးနိုင်တော့မှာပါ။

” လုပ်ရတာတွေက အများကြီးပါ။ လမ်းလည်း အများကြီးလျှောက်ရတယ်။ အဲဒီတုန်းက စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေ လည်း ကြုံတယ်။ ဒါပေမဲ့ သားအပေါ် ချစ်တဲ့စိတ်နဲ့ပဲ တောင့်ခံခဲ့တာပါ။ အခုတော့ ကြိုးစားသမျှ အရာထင်ပါပြီ” လို့ ဒန်နီယယ်က ဆိုပါတယ်။

သူ့ရဲ့လုပ်ရပ်ဟာ ဘဝမှာ အပြောင်းအလဲလုပ်ဖို့ အခက်အခဲကြုံနေတဲ့ တခြားသူတွေအတွက် စိတ်ခွန်အားဖြစ်စေနိုင်ဖို့လည်း ဒန်နီယယ်က မျှော်လင့်နေပါတယ်။

Ref: Dad Loses 80 Pounds To Become A Kidney Donor For His Son

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top