မိခင်ဈေးဝယ်တာကိုစောင့်ရင်း ခဲခြစ်ကတ်ကိုကံစမ်းပြီး ဒေါ်လာ (၂၀၀,၀၀၀) ပေါက်ခဲ့တဲ့ အမျိုးသား

13-8-2020-yyl-004.jpg

အမေရိကန်နိုင်ငံက အမျိုးသားတစ်ဦးဟာ သူ့မိခင် ဈေးဝယ်တာကို စောင့်ရင်း ခဲခြစ်ကံစမ်းမဲကတ်ကို ဝယ်ယူပြီးတဲ့နောက်မှာ ကန်ဒေါ်လာ (၂၀၀,၀၀၀) ကို ပြီးခဲ့တဲ့လက ရရှိသွားခဲ့တယ်လို့ သိရပါတယ်။ ဟာဘတ်တ် စကူဂျ် (Herbert Scruggs) က သူ့မိခင် ဈေးဝယ်လို့ပြီးအောင် စတိုးဆိုင်တစ်ခုမှာ စောင့်ဆိုင်းနေရင်းနဲ့ သူ့ကံကို စမ်းချင်တာတာကြောင့် Winning Hand ခဲခြစ်ကတ်တစ်ခုကို ဝယ်ယူခဲ့တာပါ။ အိမ်ရောက်တော့ ဟာဘတ်တ်က ခဲခြစ်ကံစမ်းမဲကတ်ကို ခြစ်ခဲ့ပြီး ဒေါ်လာ (၂၀၀,၀၀၀) ဆုကြီးကို ပေါက်တာကို မြင်ခဲ့ပြီးတဲ့နောက်မှာ တအံ့တသြဖြစ်သွားခဲ့ပါတယ်။ သူ့ရဲ့မျက်လုံးကို မယုံနိုင်ဖြစ်ခဲ့ရတာကြောင့် ကံစမ်းမဲကတ်ကို သူ့မိခင်ကို ပြကြည့်ခဲ့ပါတယ်။

“ကျွန်တော့်အမေကလည်း အရမ်းကို စိတ်လှုပ်ရှားသွားခဲ့တာပါ။ ကျွန်တော် ဒေါ်လာ ၂၀၀,၀၀၀ ပေါက်တယ်လို့ ပြောတယ်”လို့ ဆိုပါတယ်။ ဆုငွေကို ဘယ်နေရာတွေမှာ သုံးရမလဲဆိုတာ မသိသေးဘူးလို့လည်း ဟာဘတ်တ်က ပြောပါတယ်။ ဟာဘတ်တ်လိုပဲ လွန်ခဲ့တဲ့မတ်လကလည်း အသက် (၁၈) နှစ်အရွယ် ဘရစ် ကိုင်လ် ဘာကီက National Lottery ခဲခြစ်ကတ်မှာ ဒေါ်လာ ၃၁၃,၀၀၀ ပေါက်ခဲ့ဖူးပါတယ်။ သူဟာ ကပ်ရောဂါကြောင့် Lockdown ချထားတဲ့အတွက် အဲဒီငွေတွေကို မသုံးနိုင်သေးဘူးလို့ သိရပါတယ်။

“အခုအချိန်မှာ လူတိုင်း ဘယ်လောက်တောင် ခက်ခဲနေမလဲဆိုတာသိပါတယ်။ အထူးသဖြင့် ဆေးရုံမှာ အလုပ်လုပ်နေရတဲ့ ကျွန်တော့်အဖေလိုလူမျိုးတွေပေါ့။ ဆုငွေပေါက်လို့ ဂုဏ်ပြုပွဲမကျင်းပဘဲ အိမ်မှာနေတာက လုပ်သင့်တဲ့အရာပါပဲ။ ကျွန်တော် ပိုက်ဆံတွေကို ဘယ်လိုသုံးရမလဲလို့ အကြာကြီးစဉ်းစားခဲ့တာပါ။ ကားမောင်းလိုင်စင်ရထားတဲ့အတွက် ကားဝယ်ရမယ်။ အခုအချိန်မှာ ကျွန်တော်လုပ်နိုင်တာက ဘဏ်အကောင့်ထဲမှာ ကျွန်တော့်ငွေတွေတိုးလာတာကို ကြည့်နေရတာပါပဲ”လို့ ဘရစ်က မတ်လက ပြောခဲ့ပါတယ်။

Ref: Ladbible “Man Wins $200,000 On Scratch Card While Waiting For His Mum To Finish Shopping”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top