သဲကန္တာရထဲမှ သဘာဝပြယုဂ် သို့မဟုတ် အမွေအနှစ်စာရင်းဝင် ယက်ဒ်မြို့ဟောင်း

city.jpg

သဲကန္တာရထဲမှာ ရရှိနိုင်တဲ့ အရင်းအမြစ်အနည်းငယ်ကိုသုံးပြီး တည်ဆောက်ထားတဲ့ ယက်ဒ်မြို့ဟောင်းကို သဘာဝရဲ့ပြယုဂ်လို့ တင်စားကြပြီး ခေတ်သစ်နည်းပညာတွေကနေ လွတ်မြောက်ရာနေရာလို့လည်း သတ်မှတ်ကြပါတယ်။


အီရန်ကုန်းပြင်အလယ်မှာရှိပြီး ခေတ်ဟောင်းပိုးလမ်းမဘေးက အစ်ဖာဟန်မြို့ရဲ့ အရှေ့တောင်ဘက် ၂၇၀ ကီလိုမီတာအကွာမှာ တည်ရှိပါတယ်။ ရွှံ့၊ ကောက်ရိုးနဲ့ လုပ်ထားတဲ့ အုတ်ချပ်တွေ၊ ထူထဲတဲ့ ရွှံ့နံရံတွေဟာ ယက်ဒ်ဗိသုကာရဲ့ အမှတ်အသားပါပဲ။

မြေအောက်ရေ ထုတ်ယူသုံးစွဲဖို့ ရေအရင်းအမြစ်ရှိရာကနေ မြောင်းတွေသွယ်တန်းတဲ့ ကွာနက်စနစ် (qanat system)ကို အသုံးပြုထားပါတယ်။ ဈေး၊ ဗလီ၊ အများပြည်သူ ရေချိုးခန်း၊ ဇိုရိုရိုက်စတာဘုရားကျောင်း အစရှိတဲ့ မြို့ပြယဉ်ကျေးမှု အဆောက်အအုံတွေ စီစီရီရီ တည်ရှိနေတဲ့ ယက်ဒ်မြို့ကို ဝေဟင်ကကြည့်ရင် မြေပြင်မှာ ဆောက်ထားတဲ့ ပျားအုံတစ်ခုလို မြင်တွေ့ရမှာပါ။


နှစ် ၁၀၀၀ သက်တမ်းရှိတဲ့ ယက်ဒ်မြို့ဟောင်းဟာ ယူနက်စကိုရဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် နေရာတစ်ခုလည်း ဖြစ်ပါတယ်။

Ref: Historic City of Yazd

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top