ကင်ဂျုံအန်ရဲ့အစ်ကိုက CIA အတွက် သတင်းပေးလုပ်ခဲ့တယ်လို့ဆို

62507185_2427730400591199_8129240053185511424_n.jpg

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ဖအေတူ မအေကွဲ အစ်ကို ကင်ဂျုံနမ်က အမေရိကန်ဗဟိုထောက်လှမ်းရေးအဖွဲ့ (CIA) အတွက် သတင်းပေးလုပ်ခဲ့တယ်လို့ Wall Street Journal မှာ ဖော်ပြထားပါတယ်။ အမည်မဖော်လိုသူတစ်ယောက်ရဲ့ပြောစကားကို ကိုးကားပြီး Wall Street Journal က ဖော်ပြထားတာပါ။ ဒါပေမဲ့ ကင်ဂျုံနမ်နဲ့ CIA ရဲ့ ပတ်သက်ဆက်နွှယ်မှု အသေးစိတ်ကို မဖော်ပြခဲ့ပါဘူး။

မြောက်ကိုရီးယားနိုင်ငံပြင်ပမှာ နှစ်ရှည်လများနေထိုင်ခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံမှာ သြဇာအာဏာမရှိတဲ့ ကင်ဂျုံနမ်က မြောက်ကိုရီးယားလို လျှို့ဝှက်နိုင်ငံရဲ့ အတွင်းစည်းလှုပ်ရှားမှုတွေကို သတင်းပေးခဲ့တယ်ဆိုတာ ဖြစ်နိုင်ခြေမရှိပါဘူးလို့ အမေရိကန်အရာရှိဟောင်းတွေက သုံးသပ်ထားပါတယ်။ ဒါပေမဲ့ ကင်ဂျုံနမ်ဟာ တရုတ်နိုင်ငံအပါအဝင် တခြားနိုင်ငံတွေရဲ့ လုံခြုံရေးအဖွဲ့တွေနဲ့ အဆက်အသွယ်ရှိတာ သေချာသလောက်ပဲလို့ သူတို့က ဆိုပါတယ်။

ကင်ဂျုံနမ်ဟာ ၂၀၁၇ ခုနှစ်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့လေဆိပ်မှာ ဓာတုဆေးရည် ဆွတ်ဖျန်းထားတဲ့အဝတ်နဲ့အုပ်ပြီး လုပ်ကြံခံခဲ့ရသူပါ။ ဒီဖြစ်ရပ်မှာပါဝင်ခဲ့တဲ့ အမျိုးသမီး (၂) ယောက်ကတော့ ရုပ်သံဟာသအစီအစဉ်ထင်ပြီး လုပ်ခဲ့မိတာလို့ ထွက်ဆိုခဲ့ကြပါတယ်။ သူတို့ (၂) ယောက်လုံးကို မလေးရှားနိုင်ငံက ပြန်လွှတ်ပေးခဲ့ပြီးပါပြီ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top