တက်တူးဆေးကြောင့် အရေပြားပျက်စီးသွားတဲ့ မိန်းကလေး

201705041.jpg

မိခင်ဖြစ်သူ (ဝဲဘက်)နှင့် အတူတွေ့ရသည့် Sophie

မိုရိုကိုနိုင်ငံက ကမ်းခြေတစ်ခုကို မိသားစုနဲ့ အပန်းဖြေခရီးထွက်လာတဲ့ ဆိုဖီ (Sophie) အမည်ရှိတဲ့ ဗြိတိန်လူမျိုး အမျိုးသမီးငယ်ဟာ ယာယီတက်တူးဆေးကြောင့် လက်ဖမိုးအသားအရေပြားတွေ ဆိုးဆိုးဝါးဝါး ပျက်ဆီးသွားပါတယ်။

ယာယီအလှတက်တူး Black Henna ကို လက်နှစ်ဖက်လုံးမှာ ထိုးလိုက်တဲ့အတွက် အရေပြားတွေက မီးလောင်သွားသလို အရည်ကြည်ဖုတွေ ဖြစ်ပေါ်လာတာပါ။ သူမ တက်တူးမထိုးခင်က အသားအရည်နဲ့ ဆေး တည့်မတည့်အတွက် ၂၄ နာရီ စောင့်ပြီး စမ်းသပ်ထားတုန်းကတော့ ဒီလိုပြသာနာမဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် အသားပေါ်မှာ ပုံဖော်လိုက်ပြီး နာရီပိုင်းအကြာမှာ ခုလို ဒဏ်ရာတွေရခဲ့တာပါ။

ဒဏ်ရာတွေရခဲ့တဲ့အတွက် ဆိုဖီခနမျာ မိုရိုကိုနိုင်ငံကနေ နေအိမ်ရှိတဲ့ တူရကီနိုင်ငံကို ပြန်ခဲ့ပြီး ဆေးရုံတက်ပြီး ကုသခဲ့ရပါတယ်။

သူမ ထိုးခဲ့တဲ့တက်တူးကတော့ ၄ ဒေါ်လာတန်ပါ။ သေချာတာက ပြန်ကောင်းဖို့အတွက် ဆေးကုရမှာက ဒီထက်မက ကုန်ရတော့မှာပါ။

ဆရာဝန်တွေက ကုသမှုလုပ်ပေးနေပေမယ့် ဆိုဖီဟာ ဒဏ်ရာတွေကြောင့် နာကျင်နေတုန်းပါပဲ။

Henna ဆိုးဆေး အစစ်ရဲ့အရောင်ကတော့ အနက်ရောင်မဟုတ်ဘဲ လိမ္မော်ရောင်၊ အနီရောင် နဲ့ အညိုရောင်တို့ ဖြစ်ပါတယ်။ ဆိုးဆေး အစစ်ဆိုရင်တော့ အသားအရည်ပေါ်မှာ သုံးဖို့ စိတ်ချရပါတယ်လို့ ဆရာဝန်တွေက ဆိုကြပါတယ်။

Ref: Dailymail ;Young British holidaymaker, 22, suffered horrifying burns after getting a £4 black henna tattoo in Moroccan seaside resort

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top