ဆယ်ကျော်သက်တွေကို မိဘတွေက ဘယ်လောက်လွတ်လပ်ခွင့်ပေးသင့်လဲ

21-2-2022-yyl10.jpg

ကလေးတွေ ကြီးပြင်းလာတဲ့အခါ မိဘတွေက သူတို့လိုချင်တဲ့ ဘဝကို ဖြတ်သန်းဖို့ လွတ်လပ်မှုတချို့​​ပေးဖို့လိုပါတယ်။ အဲဒါက သင်ယူ​​လေ့လာဖို့နဲ့ ကြီးပြင်းလာဖို့ ကလေးတွေကို ကူညီပေးတဲ့ မိဘအုပ်ထိန်းမှုတွေထဲက တစ်ခုပါပဲ။ သင့်ကလေးတွေကို လုံလောက်တဲ့လွတ်လပ်မှုပေးတာက အမှီအခိုကင်းပြီး အမှားအမှန်ခွဲခြားနိုင်စေဖို့ ကူညီပေးပါတယ်။ တစ်ချိန်တည်းမှာပဲသူတို့တွေ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေမချမိအောင်၊ လမ်းမှားမရောက်အောင် ကာကွယ်ဖို့ ကန့်သတ်ချက်တချို့ကို ချမှတ်ထားရပါမယ်။

သင့်လျော်တဲ့လွတ်လပ်မှုကို ပေးတာက သင့်ကလေးကို ကြီးကောင်ဝင်ချိန်အတွက် ပြင်ဆင်ပေးရာရောက်ပါတယ်။ မိဘတွေက သူတို့ကလေးတွေကို ဘယ်လောက်လွှတ်လပ်ခွင့်ပေးသင့်လဲဆိုတာနဲ့ပတ်သက်ပြီး စိတ်ရှုပ်ထွေးကြပေမဲ့ အဲဒီအတွက်အဖြေက လူတစ်ဦးနဲ့တစ်ဦးကွဲပြားပါတယ်။ သင့်ကလေးရဲ့အသက်အရွယ်၊ ဘယ်​​လောက် ရင့်ကျက်လဲ၊ သူတို့ရရှိထားသော မိသားစုထောက်ပံ့မှုပမာဏ၊ သူတို့ရဲ့အတိတ်အတွေ့အကြုံတွေ၊ ခွင့်​ပြုထားတဲ့အခြေအနေတစ်ခုမှာ တာဝန်ဘယ်လောက်ယူပြီးလုပ်ဆောင်နိုင်လဲနဲ့ အခြားအရာတွေပါပဲ။ တချို့ကလေးတွေက စစ်မှန်တဲ့လူတွေကို ခွဲခြားသိမြင်တတ်တဲ့ အချိန်​တွေရှိပေမဲ့ အတိတ်က စိတ်ဒဏ်ရာတွေကြောင့် တချို့အခြေအနေတွေကို ကောင်းစွာ မကိုင်တွယ်နိုင်တာကြောင့် မိဘတွေရဲ့လမ်းညွှန်မှုကို လိုအပ်ကြပါတယ်။

ဆုံးဖြတ်ချက်ချတဲ့အခါ သတိထားရမယ့်အချက်တွေ

သင့်ကလေးတွေကို လွတ်လပ်ခွင့်ပေးတဲ့အခါ သေချာသတ်မှတ်ထားတဲ့ စည်းကမ်းတွေတော့ မရှိပါဘူး။ ဒါပေမဲ့ သင့်ကလေးတွေအတွက် စည်းမျဥ်းစည်းကမ်း​တွေ မဆုံးဖြတ်ခင် အချက်တော်တော်များများကိုထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ကလေးအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချရာမှာ အထောက်အကူဖြစ်စေမယ့်အကြံပြုချက်တွေကတော့

အသက်အရွယ်ကို ထည့်စဥ်းစားပါ

သင့်ကလေးရဲ့ အသက်အရွယ်အရ သင့်လျော်တဲ့အရာတွေကိုသာ ခွင့်ပြုပါ။ တကယ်လို့ သင့်ကလေးက အသက် 16 နှစ်သာရှိသေးတယ်ဆိုရင် ညဥ့်နက်ထိ မနေခိုင်းပါနဲ့။ လိုင်စင်မရှိဘဲ ကားမမောင်းပါနဲ့။ အချို့သောအခွင့်ထူး​​တွေရရှိရန် နောက်ထပ်နှစ်အနည်းငယ်စောင့်ဖို့ သူတို့ကိုပြောပါ။

ကန့်သတ်ချက်​တွေကို ရှင်းရှင်းလင်းလင်းသတ်မှတ်ပါ

ကလေးတွေက တစ်စုံတစ်ခုအတွက် ခွင့်ပြုချက်တောင်းတဲ့အခါ သူတို့ကို ခွင့်မပြုခင် ရှင်းလင်းတဲ့စည်းမျဥ်းစည်းကမ်းနဲ့ စည်းမျဥ်းကို ကျော်လွန်ခြင်းရဲ့ အကျိုးဆက်တွေကို သတ်မှတ်ထားပါ။ ဒါက သူတို့ကို တာဝန်သိသိလုပ်ဆောင်ဖို့ ကူညီပေးပါလိမ့်မယ်။ သူတို့ အပြင်သွားတဲ့အခါ ပြန်လာရမယ့် အချိန်ကို သတ်မှတ်ထားပါ။ သူငယ်ချင်းတွေနဲ့ကုန်ဆုံးရမယ့်အချိန်ကိုလည်း ကန့်သတ်ထားပါ။ စာလေ့လာချိန်နဲ့ အခြားလုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး ရှင်းလင်းတဲ့စည်းမျဥ်းကို ချမှတ်ထားပါ။

စည်းကမ်းဖောက်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို အကောင်အထည်ဖော်ပါ

သင့်ကလေးက စည်းမျဥ်းစည်းကမ်းတစ်ခုခုကို ချိုးဖောက်တဲ့အခါ (သို့) ကန့်သတ်ချက်တွေကို ချိုးဖောက်တဲ့အခါ သင့်လျော်တဲ့လုပ်ဆောင်ချက်တွေကို သေချာပြုလုပ်ပါ။ ဒီအချိန်မှာ မလုပ်ရင် သူတို့က အမှားတွေ ထပ်ခါထပ်ခါ လုပ်ကြပါလိမ့်မယ်။ လိုအပ်ရင် သူတို့ကို အပိုလုပ်ငန်းတာဝန်တွေကို လုပ်ခိုင်းတာ သို့မဟုတ် သူတို့ရဲ့ပြင်ပလှုပ်ရှားသွားလာမှုတွေကို ကန့်သတ်လို့ရပါတယ်။

သူတို့ရဲ့ လွတ်လပ်ခွင့်တွေကို တာဝန်တွေနဲ့ ချိတ်ဆက်ထားပါ

သင့်ကလေးတွေကို ပို​ပြီးတာဝန်ယူနိုင်စေဖို့ သူတို့ရဲ့လွတ်လပ်ခွင့်တွေကို တာဝန်တွေနဲ့ ချိတ်ဆက်ထားပါ။ အိမ်လုပ်တွေလုပ်ခိုင်းတာ၊ ရေဖိုး၊မီးဖိုးသွားဆောင်ခိုင်းတာ၊ စားသောက်ကုန်တွေ ဝယ်ခိုင်းတာ၊ သယ်ခိုင်းတာမျိုးတွေ လုပ်ဆောင်စေသင့်ပါတယ်။

Ref: How much freedom should parents give to their teens?

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top