ကမ္ဘာကျော် အီဖယ်မျှော်စင်ထက် ၂ ဆနီးပါး ပိုမြင့်တဲ့ တံတားကြီးတစ်စင်းကိုတော့ တရုတ်နိုင်ငံမှာ သိပ်မကြာခင် ဖွင့်လှစ်ဖို့ ရှိနေပါတယ်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဟွာကျန်းချောက်ကြီးကို ဖြတ်သန်းတည်ဆောက်ထားတာဖြစ်ပြီး ခရီးသွားလာမှု ကြန့်ကြာချိန်ကို တစ်နာရီနီးပါး လျှော့ချပေးနိုင်မှာပါ။
ဟွာကျန်းတံတားဟာ မီတာ ၁၄၂၀ ရှည်လျားပြီး ၆၂၅ မီတာ မြင့်မားပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၂၈၀ အကုန်အကျခံ တည်ဆောက်ထားတဲ့ အဲဒီတံတားဟာ တောင်တန်းဒေသမှာ ဆောက်လုပ်ခဲ့တဲ့ တံတားတွေအနက် ကမ္ဘာ့အကြီးဆုံး Span Bridge ဖြစ်လာမှာဖြစ်ပြီး အခုနှစ်နောက်ပိုင်းမှာ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
Ref: Huajiang Grand Canyon Bridge
NZ ( ရိုးရာလေး)