၂၀၂၁ ခုနှစ်မှာ ဝင်ငွေခွန် ၁၁ ဘီလျံ ပေးဆောင်ရမယ့် အီလွန်မက်စ်

elon.jpg

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ်ဟာ ၂၀၂၁ ခုနှစ် တစ်နှစ်အတွင်း ဝင်ငွေခွန် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ နှစ်တွေနဲ့ နှိုင်းယှဉ်ရင် ကြီးမားတဲ့ ပြောင်းလဲမှုပါ။ ProPublica ရဲ့ စုံစမ်းဖော်ထုတ်မှုအရ အီလွန်မက်စ်၊ ဂျက်ဘီဇို့စ်၊ မိုက်ကယ်ဘလွန်းဘတ် စတဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တွေဟာ ၂၀၁၈ ခုနှစ်မှာ ဥပဒေဘောင်အတွင်းကနေ ဝင်ငွေခွန် လုံးဝပေးဆောင်ခဲ့ခြင်းမရှိပါဘူး။

Tesla လျှပ်စစ်ကားကုမ္ပဏီနဲ့ SpaceX ကုမ္ပဏီတွေရဲ့ အမှုဆောင်ချုပ် အီလွန်မက်စ်ဟာ သူ့ရဲ့လုပ်ခလစာနဲ့ ဆုကြေးတွေကို ငွေသားနဲ့ ရရှိတာ မဟုတ်ပါဘူး။ သူ့ကုမ္ပဏီရဲ့ရှယ်ယာတွေကို ဈေးကွက်ထဲက တန်ဖိုးအတိုင်း ဝယ်ယူခွင့်ရရှိတာပါ။ အီလွန်မက်စ်ဟာ ၂၀၁၂ ခုနှစ်က ရှယ်ယာအစုပေါင်း ၂၅.၅ သန်း၊ ၂၀၁၃ ခုနှစ်မှာ ရှယ်ယာအစုပေါင်း ၂၂.၉ သန်း ဝယ်ယူခွင့် ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အီလွန်မက်စ်ဟာ ဝယ်ယူခွင့်ကို အသုံးပြုပြီး ရှယ်ယာတွေ မဝယ်မချင်း အခွန်ပေးဆောင်စရာ မလိုပါဘူး။ ဒါပေမဲ့ ၂၀၂၂ ခုနှစ် သြဂုတ်လမှာ ရှယ်ယာဝယ်ယူခွင့် တော်တော်များများက သက်တမ်းကုန်ဆုံးမှာဖြစ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလအစောပိုင်းမှာ အီလွန်မက်စ်က ဝယ်ယူခွင့်တွေကို အသုံးပြုပြီး ရှယ်ယာတွေ ဝယ်ခဲ့ပါတယ်။

ဒါကြောင့် အသစ်ဝယ်ယူလိုက်တဲ့ ရှယ်ယာတန်ဖိုးအလိုက် ဝင်ငွေခွန် ပေးဆောင်ရမှာပါ။ အီလွန်မက်စ်အနေနဲ့ ဝင်ငွေခွန် ၄၀.၈ ရာခိုင်နှုန်းအထိပေးဆောင်ရမှာဖြစ်လို့ အသစ်ဝယ်ယူခဲ့တဲ့ ရှယ်ယာတွေထဲမှာ ရှယ်ယာအစုပေါင်း ၇.၈ သန်းကို ပြန်လည်ရောင်းချခဲ့ပါတယ်။

အီလွန်မက်စ်ဟာ ၂၀၂၁ ခုနှစ်အတွင်း စတော့ရှယ်ယာ ရောင်းချမှုကနေ ပြည်ထောင်စုအခွန်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၈.၄ ဘီလျံ ပေးဆောင်ရမှာပါ။ အီလွန်မက်စ်ဟာ လာမယ့်သြဂုတ်လမှာ သက်တမ်းကုန်ဆုံးတော့မယ့် ဝယ်ယူခွင့်တွေကိုအသုံးပြုပြီး အခုနှစ်အကုန်မှာ နောက်ထပ် အနည်းဆုံး အစုရှယ်ယာ ၄.၂ သန်း( သို့မဟုတ်) ၅.၇ သန်းကို ဝယ်ယူဖွယ် ရှိနေပါတယ်။ အဲဒီလို ဝယ်ယူမယ်ဆိုရင် နောက်ထပ်အခွန်ငွေ အမေရိကန်ဒေါ်လာ ၁.၆ ဘီလျံကနေ ၂.၁ ဘီလျံကြား ပေးဆောင်ရမှာဖြစ်လို့ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိ ပေးဆောင်ရဖို့ ရှိနေတာပါ။

Ref: CNN “Why Elon Musk will end up with an $11 billion tax bill this year”
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top