စပိန်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၆၀၀ ကတည်းက တည်ဆောက်ထားတဲ့ ကျောက်သားတံတားတစ်စင်း တွေ့ရှိ

5.9.2024-yyl-5.png

စပိန်နိုင်ငံ မာယော့ကာကမ်းရိုးတန်းနားမှ ဂူတစ်ခုထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၆၀၀ ကတည်းက လူသားတွေ တည်ဆောက်ထားတဲ့ ကျောက်သားတံတားတစ်စင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီတွေ့ရှိမှုဟာ ရှေးခေတ်ဗိသုကာပညာနဲ့ လူသားတွေအခြေချနေထိုင်မှုသမိုင်းအတွက် အရေးပါတဲ့ တွေ့ရှိမှုတစ်ရပ်ပါ။

ဘိလပ်မြေ၊ မဆလာ မသုံးဘဲ ထုံးကျောက်တုံးကြီးတွေ ဆင့်ကာဆင့်ကာ တည်ဆောက်ထားတာပါ။ တစ်ချိန်က ဒီနေရာမှာ ရှိခဲ့ဖူးတဲ့ ရေကန်ကို ဖြတ်သန်းသွားဖို့ တံတားထိုးခဲ့ကြပြီး အခုတွေ့ရှိရတဲ့ ကျောက်သားတံတားကတော့ အဲဒီတံတားရဲ့အဆက်ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ (လက်ရှိအချိန်မှာ ရေအောက်မြုပ်နေတဲ့) ဂျီနိုဗီဆာဂူထဲကနေ တွေ့ရှိခဲ့တဲ့ ကျောက်သားတံတားဟာ ရေအရင်းအမြစ်တွေကို ရယူသုံးစွဲနိုင်ဖို့ ရှေးလူတွေရဲ့ ကြိုးပမ်းမှုတစ်ရပ်လို့လည်း ယူဆထားကြပါတယ်။

အစောပိုင်းတွေ့ရှိရတဲ့ အထောက်အထားတွေအရ မာယော့ကာကျွန်းနားတစ်ဝိုက်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၄၀၀ လောက်ကစပြီး အခြေချနေထိုင်သူတွေရှိခဲ့တာလို့ ဆိုထားပေမဲ့ အခုတွေ့ရှိမှုအရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀၀ ကျော်ကတည်းက ဒီနေရာမှာ အခြေချနေထိုင်သူတွေ ရှိနေပြီလို့ ယူဆနိုင်ပါတယ်။ တွေ့ရှိထားတဲ့ အရိုးတွေ၊ အိုးတွေရဲ့ သက်တမ်းအရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀၀ လောက်ကတည်းက အခြေချနေထိုင်သူတွေ ရှိနေပြီလို့ ယူဆနိုင်ပေမဲ့ ရေဒီယိုကာဗွန်သက်တမ်း တွက်ချက်ရာမှာ ရေရာမှုအားနည်းနေတာကြောင့် အတိအကျ ပြောနိုင်ခြင်းတော့ မရှိသေးပါဘူး။

Ref: Human-built 5600-year-old submerged bridge found inside cave stuns scientists
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top