လက်ဝါးကပ်တိုင်ပုံဆွဲကြိုးကြောင့် အသက်ဘေးမှ လွှတ်မြောက်ခဲ့တဲ့ ၉ နှစ် ကလေးလေး

7-1-2021-yyl01.jpg

အာဂျင်တီးနားနိုင်ငံက အသက် ၉ နှစ်အရွယ်ကောင်လေးကတော့ သူ့လည်ပင်းမှာ ဆွဲထားတဲ့ဆွဲကြိုးကြောင့် ကျည်ဆံနဲ့ နှလုံးထိမှန်ပြီး သေဆုံးမယ့်အန္တရာယ်ကနေ လွှတ်မြောက်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကတော့ ဒီဇင်ဘာ ၃၁ ရက်နေ့က ဖြစ်ပျက်ခဲ့တာဖြစ်ပေမဲ့ အခုမှ ပြည်တွင်းမီဒီယာတွေက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲဒီနေ့မှာ တီဇီယားနိုး (Tiziano) ဆိုတဲ့ ကောင်လေးက သူ့မိသားစုနဲ့အတူ နှစ်သစ်ကူးနေ့ကို ဆင်နွှဲနေခဲ့တာပါ။ အဲဒီအချိန်မှာ သူ့ရဲ့ရင်ဘတ်မှာ ပြင်းထန်တဲ့ထိခိုက်မှုတစ်ခုကို ခံစားလိုက်ရတာပါ။ အိမ်ထဲဝင်သွားတဲ့ သူ့အစ်မနဲ့ဝမ်းကွဲတို့ကို အိမ်ရှေ့မှာ မတ်တပ်ရပ်ပြီး စောင့်နေတုန်း ရုတ်တရက် နာကျင်သလိုခံစားခဲ့ရပြီး သူ့ဘေးနားက မြေပြင်ပေါ်မှာလည်း ကျည်ဆံ (၁) ဆံကို မြင်တွေ့ခဲ့ရပါတယ်။

သူ့ကို ဆေးရုံခေါ်သွားပြီး ဆရာဝန်တွေက စစ်ဆေးကြည့်တော့ သူ့ရဲ့ရင်ဘတ်မှာ ခွဲစိပ်စရာမလိုဘဲ ခဏလေးပဲ ကုသလို့ရတဲ့ အပေါ်ယံလျှပ်ထိတဲ့ဒဏ်ရာလောက်ပဲ တွေ့ခဲ့ရပါတယ်။ ကျည်ဆံက ကလေးလေးရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်နိုင်လောက်အောင် အရမ်းနီးနေပေမဲ့ ဘာမှမဖြစ်တာ ဘာလို့လဲဆိုတာကို သူတို့မိသားစုနားမလည်နိုင်ဖြစ်ခဲ့ရပါတယ်။ နောက်တော့မှ တီဇီယားနိုးရဲ့အန်တီက ကျည်ဆံမှန်ခဲ့တဲ့နေရာရဲ့ မြေပြင်မှာ တွေ့ခဲ့တဲ့ လက်ဝါးကပ်တိုင်ဆွဲကြိုးကိုပြတော့မှ သူတို့နားလည်သွားခဲ့ပါတော့တယ်။ တီဇီယားနိုးရဲ့ရင်ဘတ်ကို ကျည်ဆံက ထိမှန်မသွားဘဲ လက်ဝါးကပ်တိုင်ဆွဲကြိုးကို မှန်သွားခဲ့တာပါ။ လက်ဝါးကပ်တိုင်ဆွဲကြိုးက သူ့ရဲ့အသက်ကို ကယ်တင်လိုက်တာပါပဲ။

အာဏာပိုင်တွေကတော့ ဘယ်သူ သေနတ်နဲ့ပစ်လိုက်တာလဲဆိုတာ သိရဖို့အတွက် စုံစမ်းစစ်ဆေးနေပြီး အရေးကြီးဆုံးကတော့ သူ့သားလေး အဆင်ပြေနေဖို့ပါပဲလို့ တီဇီယားနိုးရဲ့အဖေက ဆိုထားပါတယ်။ အခုထိတော့ တရားခံကို ရှာလို့မတွေ့သေးပါဘူး။

Ref: Ladbible “Boy, 9, Saved By Crucifix That Stopped Bullet Penetrating His Chest”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top