အိပ်တာများလွန်းခြင်းရဲ့ဆိုးကျိုးများ

16.12.2021yyl1.jpg

ကျွန်တော်တို့လူသားတွေက ညကို ကောင်းစွာအိပ်စက်ပြီး မနက်ခင်းကို ရွှင်လန်းတက်ကြွစွာ နိုးထကြရပါတယ်။ ဒါပေမဲ့ လူတစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ အိပ်နေရတာကိုပဲ ကျေနပ်ကြတဲ့ အအိပ်မက်သူတွေရှိကြသလို အအိပ်ထက် စားတာကိုပဲ ကြိုက်တယ်ဆိုတဲ့ အစားမက်တဲ့သူတွေလည်း ရှိကြပါတယ်။ အိပ်စက်တာနဲ့ပတ်သက်ပြီး အိပ်ချိန်နည်းရင် ဆိုးကျိုးတွေခံစားရနိုင်သလို အိပ်ချိန်များလွန်းတာ၊ အိပ်လွန်းတာရင်လည်း ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ အိပ်တာများလွန်းရင် ခန္ဓာကိုယ်မှာ ဘယ်လိုတွေ ဖြစ်လာနိုင်လဲဆိုရင်

တစ်ချိန်လုံး ပင်ပန်းနွမ်းလျသလို ခံစားရမယ်

အိပ်လွန်းတာက အိပ်ရေးဝလို့ သင့်ကို လန်းဆန်းတက်ကြွပြီး အားအင်ပြည့်သလို ခံစားရစေမှာမဟုတ်ပါဘူး။ ပင်ပန်းနွမ်းလျပြီး ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိဖြစ်စေနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ အိပ်စက်ချိန်ပမာဏက အရွယ်ရောက်ပြီးသားလူတွေအတွက် (၇-၉) နာရီကြားဖြစ်ပါတယ်။ အဲဒါထက်ပိုပြီးအိပ်စက်မယ်ဆိုရင် သင့်ဉီးနှောက်ကို ထိုင်းမှိုင်းစေပြီး အာရုံစိုက်နိုင်စွမ်းမရှိဖြစ်စေပါလိမ့်မယ်။

ခေါင်းကိုက်ရောဂါစွဲကပ်လာမယ်

အိပ်လွန်းခြင်းရဲ့အဖြစ်များဆုံးလက္ခဏာရပ်က ခေါင်းကိုက်တာပါပဲ။ အိပ်စက်လွန်းတာက အမြဲလိုလို ခေါင်းကြောတွေတင်းပြီး ခေါင်းကိုက်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ သင်က ဟောက်တတ်တဲ့သူဆိုရင် အိပ်ရာထတာနဲ့ ခေါင်းကိုက်ခြင်းနဲ့ နိုးထလာရပါလိမ့်မယ်။ ဟောက်တတ်တဲ့သူ ၆၀ ရာခိုင်နှုန်းက ခေါင်းကိုက်ဝေဒနာကို စွဲကပ်ကြတယ်လို့ လေ့လာချက်က ဆိုထားပါတယ်။

နာတာရှည်ရောဂါအခြေအနေတွေ ဆိုးရွားလာမယ်

အိပ်လွန်းတာက နာတာရှည်စိတ်ဓာတ်ကျတာနဲ့ ခါးနာတာလို အခြားအခြေအနေတွေကို ဆိုးရွားလာနိုင်ပါတယ်။ ညဘက် အိပ်ချိန်မမှန်ဘဲ မနက်ကို အိပ်လွန်းပြီး နောက်ကျမှ ထတဲ့သူတွေက နှလုံးရောဂါရှိရင် အခြေအနေပိုဆိုးလာနိုင်ပါတယ်။

စိတ်အလိုမကျဖြစ်လာမယ်

အိပ်လွန်းမယ်ဆိုရင် ပျော်ရွှင်ပြီး အားအင်အပြည့်နဲ့ နိုးထရမယ့်အစား စိတ်မကြည်စွာနဲ့ နိုးထလာတတ်ပါတယ်။ ပင်ပန်းနွမ်းလျသလိုခံစားရပြီး သင့်ကို စိတ်အလိုမကျတာ၊ ဒေါသထွက်တာတွေဖြစ်စေပါတယ်။

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်လာမယ်

အိပ်ချိန်နည်းတာလိုပဲ အိပ်လွန်းတာကလည်း အရွယ်မတိုင်ခင် သင့်မျက်နှာကို မြန်မြန်ဆန်ဆန် ရင့်ရော်စေနိုင်ရုံသာမက မူလအသက်ထက် ၂ နှစ်ကြီးသလိုဖြစ်စေနိုင်ပါတယ်။ အိပ်လွန်းတာက မှတ်ဉာဏ်ပြဿနာနဲ့ အာရုံစိုက်မှုပြဿနာတွေဖြစ်လာစေနိုင်ပါတယ်။ အအိပ်လွန်းတာက ဇီဝဖြစ်စဉ်ကို နှေးကွေးစေပြီး ကိုယ်အလေးချိန်တက်လာစေနိုင်ပါတယ်။

Ref: Brightside “What Might Happen to Your Body If You Sleep Too Much”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top