F4 မင်းသမီးဘာဘီဆုရဲ့အမှတ်တရရုပ်တုလုပ်ဖို့ ခင်ပွန်းဖြစ်သူ စီစဉ်နေ

f4.jpg

ထိုင်ဝမ်နာမည်ကြီးမင်းသမီး ဘာဘီဆု ကွယ်လွန်ခဲ့တာ ၇ လရှိပါပြီ။ သူ့ရဲ့ခင်ပွန်း တောင်ကိုရီးယားရက်ပ်အဆိုတော် DJ Koo ကလည်း ဘာဘီဆုရဲ့အုတ်ဂူရှိရာ Chin Pao San သင်္ချိုင်းကို မကြာခဏ လာကာ ဝမ်းနည်းပူဆွေးလိုနေပါတယ်။ 

ပြီးခဲ့တဲ့အပတ်က သင်္ချိုင်းကို လာတဲ့အချိန်မှာတော့ သူ တစ်ယောက်တည်းတော့မဟုတ်ပါဘူး။ သူ့ရဲ့ကိုရီးယားသူငယ်ချင်း မိုက်ကယ်နဲ့ ထိုင်ဝမ်သူငယ်ချင်းတစ်ဦးတို အတူပါလာခဲ့ပါတယ်။ DJ Koo က ဘာဘီဆု ကြိုက်နှစ်သက်တဲ့ အစာပြေမုန့်တွေနဲ့ ဖယောင်းတိုင်တွေကို ယူလာခဲ့တဲ့အပြင် သူတိုလင်မယားနှစ်ယောက်ပုံ (၆) ပုံကိုလည်း အုတ်ဂူရှေ့မှာ ထားရှိခဲ့ပါတယ်။ 

DJ Koo ကို Tablet နဲ့ ပုံကြမ်းရေးဆွဲနေတာ မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီပုံကြမ်းတွေက ဘာဘီဆုရဲ့အမှတ်တရရုပ်တုအတွက်ဖြစ်ပုံရပါတယ်။ DJ Koo ဒီဇိုင်းရေးဆွဲတဲ့ ရုပ်တုကို ဘာဘီဆုရဲ့အုတ်ဂူနဲ့ ၁ ကီလိုမီတာခန့်အကွာမှာ ထားရှိသွားမှာဖြစ်ပြီး ဘာဘီဆု ကွယ်လွန်တဲ့ ၁ နှစ်ပြည့်မှာ ဒီရုပ်တု ပြီးမြောက်ဖို မျှော်လင့်ရပါတယ်။ 

အုတ်ဂူ လာလည်တဲ့အချိန်မှာ သတင်းထောက်တချိုက အင်တာဗျူးမေးမြန်းဖို အခွင့်အရေးရခဲ့ပါသေးတယ်။ DJ Koo ဟာ ဘာဘီဆုကို မကြာခဏ အိပ်မက်မက်တဲ့အကြောင်း သတင်းထောက်တွေကို ဖြေကြားသွားခဲ့ပါတယ်။ 

Ref: Husband Of Barbie Hsu Reveals He Often Dreams Of Her, Is Designing Statue In Her Memory

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top