ကြောင်မကြီးက ဖျားနေတဲ့ကြောင်ပေါက်လေးကို အရေးပေါ်အခန်းထဲ သယ်လာလို့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ ကူညီပေးခဲ့ရ

4-5-2020-yyl-025.jpg

မကြာသေးခင်ကမှ အစ်စတန်ဘူလ်မြို့က ဆေးရုံတစ်ခုရဲ့အရေးပေါ်ခန်းမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေက လူမှုကွန်ယက်အကောင့်မှာ နေရာယူလို့ထားပါတယ်။ အဲဒီပုံတွေဟာ ကြောင်မကြီးက နေမကောင်းဖြစ်နေတဲ့ ကြောင်ပေါက်လေးကို လူသားတွေတက်နေတဲ့ဆေးရုံကို သယ်လာတာကို ပြသနေတာဖြစ်ပါတယ်။ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ကြောင်မကြီးနားမှာ ဝိုင်းနေပြီး သူ့ကို ဂရုစိုက်ပေးနေတာကို တွေ့ရမှာလည်းဖြစ်ပါတယ်။ တူရကီလူမျိုးတွေက လေလွင့်တိရစ္ဆာန်တွေအပေါ်ထားတဲ့ လေးစာမှုနဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် လူပြောများပါတယ်။

အခုလည်း ကြောင်မကြီးရဲ့ကြောင်ပေါက်လေးကို ကူညီပေးခဲ့ပြီး ကြောင်ပေါက်လေးက အဆင်ပြေသွားကာ CAT Scan လည်း ဖတ်စရာမလိုခဲ့ပါဘူး။ တူရကီနိုင်ငံရဲ့လူမှုကွန်ယက်ပေါ်မှာလူထောင်ပေါင်းများစွာက အဲဒီဖြစ်ရပ်ကို မျှဝေခဲ့ပြီး လူတော်တော်များများကို ဂရုဏာသက်မိစေခဲ့ပါတယ်။ တွစ်တာပေါ်မျှဝေထားတဲ့ပုံတွေမှာ ကြောင်မကြီးက သူ့ကလေးကို လူသားတွေရဲ့အရေးပေါ်အခန်းဆီ ကိုက်ချီလာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ကြောင်မကြီးနဲ့ ကြောင်ပေါက်လေးကို မြင်မြင်ချင်းမှာ ပြာယာခက်သွားခဲ့ပြီး ကြောင်ပေါက်လေးရဲ့ကျန်းမာရေးပြဿနာတွေကို စစ်ဆေးခဲ့ကြပါတယ်။ ကြောင်မကြီးက သူ့ကလေးနောက်ပဲ လိုက်နေပြီး သူ့မျက်စိအောက်ကနေ အပျောက်မခံခဲ့ဘူးလို့ မီဒီယာတွေက ဆိုပါတယ်။

ကြောင်ပေါက်လေးကို ဆရာဝန်တွေ ဂရုစိုက်နေတုန်းမှာ ကြောင်မကြီးကို နွားနို့နဲ့ အစားအစာတချို့ကို တိုက်ကျွေးခဲ့ပါတယ်။ တူရကီလူမျိုးတွေဟာ လမ်းမထက်က တိရစ္ဆာန်တွေကို အစားအစာနဲ့ ရေတွေ တိုက်ကျွေးလေ့ရှိကြတဲ့ သူတွေဖြစ်ပါတယ်။ ကြောင်မကြီးနဲ့ ကြောင်ပေါက်လေးတို့ရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြပါတယ်။ ဒါပေမဲ့ သူတို့ တကယ်ကျန်းမာရဲ့လားဆိုတာ သေချာသိရဖို့အတွက် တိရစ္ဆာန်ဆေးကုခန်းကို ပို့ဆောင်ပေးခဲ့ကြပါတယ်။

လူမှုကွန်ယက်အသုံးပြုသူတွေကလည်း ကြောင်လေးတွေအပေါ်ဂရုစိုက်ပေးတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေရဲ့လုပ်ရပ်ကို ချီးမွှမ်းစကားဆိုခဲ့ကြပါတယ်။ တချို့ကလည်း သူတို့မြို့မှာ ဖြစ်ပျက်ခဲ့ဖူးတဲ့ ကြောင်တွေနဲ့ပတ်သက်တဲ့ ဖြစ်ရပ်တွေကို မျှဝေခဲ့ကြပါသေးတယ်။ “ကျွန်တော်ရဲ့မြို့မှာလည်း ဖြစ်ခဲ့ဖူးပါတယ်။ ကြောင်မတစ်ကောင်က သားပေါက်ခါနီး ကြောင်မကြီးကို သယ်ပြီး ဆေးရုံကို သွားကာ အကူအညီတောင်းခဲ့တာပါ။ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကလည်း သူ့ကို ကူညီခဲ့ကြပါတယ်” လို့ လူမှုကွန်ယက်အသုံးပြုသူ တစ်ယောက်က ပြောခဲ့ပါတယ်။

Ref: Mother Cat Brings Her Ill Kitten To The Hospital, Medics Rush To Help Them

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top