My-Medicine မှ ဆေးရုံရက်ချိန်းရယူခြင်းစနစ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ package များပါဝင်သည့် Feature အသစ်ကို စတင် မိတ်ဆက်

27.9.2024-yyl-12.png

ဒစ်ဂျစ်တယ်ကျန်းမာရေး နယ်ပယ်တွင် ဘဏ္ဍာရေးနည်းပညာကို ပေါင်းစည်းပေးလိုက်ခြင်းဖြင့် နိုင်ငံအတွင်း ကျန်းမာရေးစောင့်ရှောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ရရှိလာစေရန် အထောက်အပံ့ ဖြစ်စေမည်၊ လူနာများအနေဖြင့် တိုင်ပင်ဆွေးနွေးရန် ချိန်းဆိုမှုမှ ငွေပေးချေသည်အထိ အဆင်ပြေချောမွေ့သော အသုံးပြုမှု အတွေ့အကြုံကို ရရှိနိုင်မည် ဖြစ်သည်။

ဒစ်ဂျစ်တယ်ကျန်းမာရေးပလက်ဖောင်းဖြစ်သည့် My-Medicine မှ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ရက်ချိန်းများလုပ်ဆောင်ရာတွင် လွယ်ကူလျင်မြန်နိုင်စေရန် “ဆေးရုံရက်ချိန်းရယူခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု Package” ကြိုတင်ဝယ်ယူခြင်း Feature အသစ်ကို စတင်မိတ်ဆက်ခဲ့ပါသည်။ ဤ Feature တွင် ဆေးကုသမှုခံယူလိုသူများသည် KBZPay ထဲရှိ My-Medicine Mini App မှ တစ်ဆင့် ဆေးရုံဆေးခန်းများ၏ ပြင်ပလူနာဌာန (Outpatient Department – OPD) များ၌ အလွယ်တကူ ကြိုတင်စာရင်းပေး ရက်ချိန်းရယူနိုင်မည့်အပြင် ဓာတ်ခွဲခန်းများတွင် ဓာတ်ခွဲဆေးစစ်ခြင်း Package များနှင့် အလှအပရေးရာ ထိန်းသိမ်းကုသမှု Package များကို KBZPay ထဲရှိ My-Medicine Mini App မှ တစ်ဆင့် လွယ်ကူလျင်မြန်စွာ ကြိုတင်ဝယ်ယူနိုင်မည်ဖြစ်ပါသည်။

ဤ Feature သည် ဆေးရုံ၊ ဆေးခန်းပြသရန် ကြိုတင်စာရင်းပေးသွင်း ရက်ချိန်းရယူသည့် လုပ်ငန်းစဉ်ကို ရိုးရှင်းလွယ်ကူစေပြီး ဆေးရုံဆေးခန်းများ၌ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်းများကို သိသိသာသာ လျော့ကျစေသဖြင့် ဆေးကုသမှုခံယူလိုသူများအဖို့ အဆင်ပြေလွယ်ကူ၍ ထိရောက်မှုရှိသည့် ကျန်းမာရေးစောင့်ရှောက်မှု အတွေ့အကြုံများကို ရရှိစေမည်ဖြစ်ပါသည်။ ဆေးကုသမှုခံယူလိုသူများအနေဖြင့် မိမိ၏ မိုဘိုင်းဖုန်းပေါ်တွင် click အနည်းငယ် နှိပ်ရုံဖြင့် ဆရာဝန်များ၏ လူနာကြည့်ချိန်များကို သိရှိနိုင်မည်ဖြစ်ပြီး မိမိနှစ်သက်ရာအချိန်ကို ရွေးချယ်နိုင်မည်ဖြစ်ပါသည်။ ကြိုတင်ချိန်းဆိုချက်များအား မမေ့လျော့သွားစေရန်နှင့် အချိန်မီရောက်ရှိနိုင်စေရန် အတွက် အလိုအလျောက်သတိပေးချက်များကိုလည်း SMS မက်ဆေ့ချ်မှသော်လည်းကောင်း၊ App ၏ Notification တွင်လည်းကောင်း ပေးပို့သွားမည်ဖြစ်ပါသည်။

ဤပလက်ဖောင်းသည် KBZPay တွင် ပေါင်းစပ်ထည့်သွင်းထားသည့်အလျောက် စိတ်ချလုံခြုံသည့် ငွေပေးချေမှုစနစ် ကိုလည်းရရှိနိုင်မည်ဖြစ်ပြီး ဆေးကုသမှုခံယူလိုသူများအနေဖြင့် ဆေးကုသခြင်းဝန်ဆောင်မှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှု Package များအတွက် ငွေပေးချေမှုများကို လွယ်ကူချောမွေ့စွာနှင့် လုံခြုံစိတ်ချရစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ဆေးရုံများ၊ ဆေးခန်းများနှင့် ဓာတ်ခွဲခန်းများ၏ မိမိကိုယ်တိုင် ဝန်ဆောင်မှုရယူနိုင်သည့် စက်များ (Kiosks) နှင့် အကူအညီပေးရေးကောင်တာများ၌ အကူအညီအမျိုးမျိုးကိုလည်း ရယူနိုင်မည်ဖြစ်ပြီး ဆေးကုသမှုခံယူလိုသူများအနေဖြင့် အကူအညီလိုအပ်သည့်အချိန်တိုင်း ကူညီပံ့ပိုးပေးမှုများကို ရရှိနိုင်စေရန် ရည်ရွယ်ပါသည်။

လက်ရှိတွင် အောက်ပါ ဆေးရုံများနှင့် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းများတွင်
● ဆေးရုံ ပြင်ပလူနာ ရက်ချိန်းများ – SML Medical & Diagnostic Center, Moc Moc Medical Aesthetic Center
● ကျန်းမာရေးစောင့်ရှောက်မှု Package အတွက် ရက်ချိန်းများ – Right Lab, Moc Moc Medical Aesthetic Center

ကြိုတင်စာရင်းပေးသွင်းရက်ချိန်းရယူခြင်း ကို My Medicine မှတစ်ဆင့် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် ဝန်ဆောင်မှုပေးမည့် ဆေးရုံ၊ ဆေးခန်းများကို တိုးချဲ့သွားမည်ဖြစ်ပါသည်။

“ကျွန်တော်တို့ရဲ့ My-Medicine မှာ ချမှတ်ထားတဲ့ သံန္နိဌာန်ကတော့ သုံးစွဲသူတွေရဲ့ ဘဝတွေကို ပိုပြီးတိုးတက်ကောင်းမွန်လာစေဖို့အတွက် နည်းပညာတွေကို ပိုပြီး ခေတ်မီတိုးတက်အောင် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။” ဟူ၍ My-Medicine ၏ အမှုဆောင်အရာရှိချုပ် Mr. Robin Chua က ပြောကြားခဲ့ပါသည်။ “ဒီဆန်းသစ်တီထွင်ထားတဲ့ Feature အသစ်က ရက်ချိန်းအတွက် ကြိုတင်စာရင်းပေးသွင်းတဲ့ လုပ်ငန်းစဉ်ကို အဆင်ပြေပြေနဲ့ ထိထိရောက်ရောက် ဆောင်ရွက်ပေးရုံတင်မကဘဲ လူနာတွေအတွက် လွယ်ကူအဆင်ပြေစေဖို့အတွက် အဓိကရည်ရွယ်ဖန်တီးထားပါတယ်။ ခေတ်မီဆန်းသစ်ထားတဲ့ ဘဏ္ဍာရေးနည်းပညာ ဖြေရှင်းနည်းတွေကို ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍထဲကို ပေါင်းစပ်လိုက်တဲ့အခါမှာ လူနာတွေအနေနဲ့ ဆေးကုသမှုဆိုင်ရာ ဝန်ဆောင်မှုတွေကို ပိုပြီးတော့ လွယ်လွယ်ကူကူ အသုံးပြုနိုင်စေတဲ့အပြင် သူတို့ရဲ့ ကျန်းမာရေးလမ်းခရီးကလည်း သာယာဖြောင့်ဖြူးပြီး စိတ်ဖိစီးမှု ကင်းဝေးစေနိုင်ဖို့အတွက် ကျွန်တော်တို့ ဆောင်ရွက်ပေးလိုက်ခြင်းဖြစ်ပါတယ်။ အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို လူတိုင်း ရရှိသင့်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ နောက်ပြီး ဒီ feature က လူနာတွေအနေနဲ့ မိမိတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ခရီးလမ်းကို ကိုယ်တိုင် အခက်အခဲမရှိဘဲ ယုံကြည်ချက်အပြည့်နဲ့ လျှောက်လှမ်းနိုင်အောင် တွန်းအားပေးဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ဆီကို ရောက်ဖို့ အရေးပါတဲ့ ခြေလှမ်းတစ်လှမ်းကို လှမ်းလိုက်တာပဲ ဖြစ်ပါတယ်။” ဟု My-Medicine ၏ အမှုဆောင်အရာရှိချုပ် Mr. Robin Chua က ပြောကြားခဲ့ပါသည်။

ပြင်ပလူနာဌာနများအတွက် ကြိုတင်စာရင်းပေးသွင်းရက်ချိန်းရယူခြင်း

၁။ ပလက်ဖောင်းကို အသုံးပြုရန် – KBZPay App ၏ “လူမှုဘဝ ဝန်ဆောင်မှုကဏ္ဍ”မှ “My-Medicine” ကို ဖွင့်ပါ။
၂။ ပြင်ပလူနာအဖြစ် ဆေးကုသမှုခံယူရန် – “OPD Appointments” ကို နှိပ်ပါ။
၃။ ဆေးရုံနှင့် ဆရာဝန်ရွေးရန် – သင်ဆေးကုသမှုခံယူလိုသော ဆေးရုံနှင့် ဆရာဝန်ကို ရွေးချယ်ပါ။
၄။ ရက်ချိန်းကြည့်ရှုရန် – ရွေးချယ်ထားသော ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် ရက်ချိန်းများကို ကြည့်ရှုပါ။
၅။ ရက်ချိန်းရယူရန် – သင်ကြိုက်နှစ်သော အချိန်ကိုရွေးချယ်ပါ။
၆။ လူနာအချက်အလက်များဖြည့်ရန် – လိုအပ်သောလူနာ၏ အသေးစိတ် အချက်အလက်များကိုဖြည့်ပါ။
၇။ ကြိုတင်စာရင်းပေးသွင်းမှုအတည်ပြုရန် – ရွေးချယ်ထားသော ရက်ချိန်း၊ ဆရာဝန်နှင့် အခြားကြိုတင်စာရင်းပေးမှုအချက်အလက်များကို ပြန်လည်အတည်ပြုပါ။
၈။ အတည်ပြုချက်ရယူရန် – KBZPay တွင် သင်ကြိုတင်စာရင်းသွင်းထားသော ရက်ချိန်းကို အတည်ပြုသည့် အကြောင်းကြားချက်နှင့်အတူ SMS မှ တဆင့် အကြောင်းကြားစာကိုပါ လက်ခံရရှိပါမည်။

ကျန်းမာရေးစောင့်ရှောက်မှု (Wellness) Packages အတွက် ကြိုတင်စာရင်းပေးသွင်းခြင်း

၁။ ပလက်ဖောင်းကို အသုံးပြုရန် – KBZPay App ၏ “လူမှုဘဝ ဝန်ဆောင်မှုကဏ္ဍ”မှ “My-Medicine” ကို ဖွင့်ပါ။
၂။ Wellness Packages သို့ သွားရန် – Wellness Packages ကို နှိပ်ပါ။
၃။ ရရှိနိုင်သော Package ကို ရှာဖွေကြည့်ရှုရန် – အမျိုးမျိုးသော ကျန်းမာရေးစစ်ဆေးခြင်း Package များနှင့် အလှအပဆိုင်ရာ Package များကို ကြည့်ရှုလေ့လာပါ။
၄။ Package ရွေးချယ်ရန် – စိတ်ဝင်စားသော ဓာတ်ခွဲခန်းစစ်ဆေးခြင်း သို့မဟုတ် အလှအပဆိုင်ရာ Package ကို ရွေးချယ်ပါ။
၅။ ဈေးခြင်းသို့ထည့်ရန် – ဝယ်ယူရန်အတွက် ရွေးချယ်ထားသော Packageကို သင့်စျေးဝယ်ခြင်းသို့ ထည့်ပါ။
၆။ လူနာ၏ အချက်အလက်ကို ထည့်သွင်းရန် – လိုအပ်သော လူနာ၏ အသေးစိတ်အချက်အလက်များကို ဖြည့်ပါ။
၇။ အော်ဒါ အသေးစိတ်ကို ပြန်လည်သုံးသပ်ရန် – ရွေးချယ်ထားသော Package နှင့် လူနာအချက်အလက်ကို အတည်ပြုပါ။
၈။ ငွေပေးချေရန် – ငွေပေးချေမှု လုပ်ငန်းစဉ်ကို ပြီးဆုံးအောင် ဆောင်ရွက်ပါ။
၉။ အတည်ပြုချက်ကိုရယူရန် – KBZPay တွင် သင်ကြိုတင်စာရင်းသွင်းထားသော ရက်ချိန်းကို အတည်ပြုသည့် အကြောင်းကြားချက်နှင့်အတူ SMS မှ တဆင့် အကြောင်းကြားစာကိုပါ လက်ခံရရှိပါမည်။

My-Medicine သည် ၎င်း၏ ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်လာစေရန်နှင့် မြန်မာနိုင်ငံရှိ ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု အရင်းအမြစ်များကို ပိုမိုတိုးချဲ့နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ဆေးရုံအတွက် ကြိုတင်စာရင်းပေးသွင်းရက်ချိန်းရယူခြင်း နှင့် Wellness Packages ဝန်ဆောင်မှုအကြောင်း အသေးစိတ်သိရှိလိုပါက My-Medicine ဝဘ်ဆိုဒ် (www.mymedicine.com.mm) သို့ ဝင်ရောက်ကြည့်ရှုနိုင်သကဲ့သို့ My-Medicine customer support team (09 77 999 5588 0r 5588) သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top