MPT က JOOX နှင့်ပူးပေါင်း၍ ပထမဆုံးသော Music Streaming Data Pack ဝန်ဆောင်မှုကို မိတ်ဆက်

MPT-JOOX-Pack1.png

မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT မှ ဂီတချစ်သူများအတွက် အာရှတိုက်၏ အကြီးဆုံးတေးဂီတ Streaming App ဖြစ်သည့် JOOX မှတစ်ဆင့် ပြည်တွင်းနှင့် နိုင်ငံတကာတေးသီချင်း သန်းပေါင်းများစွာအား အသက်သာဆုံးနှုန်းထားများဖြင့် ခံစားနားဆင်နိုင်စေရန် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော Music Data Packs အသစ်ကို JOOX နှင့်အတူပူးပေါင်း စီစဉ်ဆောင်ရွက်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ စိတ်လှုပ်ရှားဖွယ်ရာ MPT JOOX ၏ Data Pack များကို အတန်ဆုံးနှုန်းထားများဖြင့် ၂၄ နာရီ Pack နှင့် ၇ ရက် Pack ဟူ၍ အလွယ်တကူရယူ နိုင်မည်ဖြစ်ပြီး၊ တေးသီချင်းများကိုလည်းခံစားနားဆင်နိုင်မည်ဖြစ်သည်။

မည်သည့် MPT-JOOX Data Pack ကိုမဆို ရယူထားသူများအနေဖြင့် သီးသန့်နားဆင်နိုင်မည့်တေး သီချင်းပေါင်းများစွာကို ကမ္ဘာ့အကြီးဆုံး ဂီတဘဏ်တိုက်ကြီးတစ်ခုသဖွယ်ဖြစ်သော JOOX မှ တစ်ဆင့် ခံစားနားဆင်နိင်မည်ဖြစ်ပြီး၊ ပြည်တွင်း နှင့် နိုင်ငံတကာတေးသီချင်းများ၊ Playlist များနှင့် ကာရာအိုကေများ စသည်တို့အား အချိန်၊ နေရာ မရွေး ခံစားနားဆင်နိုင်မည် ဖြစ်ပါသည်။

MPT-JOOX Data Pack အသုံးပြုသူများအနေဖြင့် အာရှတိုက်တစ်ခုလုံးရှိ JOOX အသုံးပြုသူများ ခံစားရရှိ လျက်ရှိသည့် ဂီတနားဆင်မှုအတွေ့အကြုံအား ကုန်ကျငွေအနည်းဆုံးဖြင့် ခံစားခွင့်ရှိစေရန် စီစဉ်ဆောင်ရွက်ပေး ထားခြင်းဖြစ်ပါသည်။ အဆိုပါ MPT JOOX Data Pack များဖြစ်သည့် ၂၄ နာရီ Pack ကို ၁၄၉ ကျပ်ဖြင့် ရယူနိုင်ကာ ဒေတာပမာဏ 149 MB ရရှိမည် ဖြစ်ပြီး ၇ ရက် Pack အား ၆၉၉ ကျပ်ဖြင့် ဝယ်ယူသူများအတွက် ဒေတာပမာဏ 699 MB ရရှနိုင်ပြီး JOOX VIP ကိုလည်း ၇ ရက် အသုံးပြုနိုင်မည် ဖြစ်ပါသည်။

MPT အသုံးပြုသူများအနေဖြင့် MPT JOOX မည့်သည့် ပက်ကေ့ချ် မဆို ဝယ်ယူလိုက်သည်နှင့် JOOX ပေါ်တွင်သာ နားထောင်နိုင်သော သီးသန့် သီချင်းများအပါအဝင် ပြည်တွင်းနှင့် နိုင်ငံတကာတေးသီချင်း သန်းပေါင်းများစွာ နှင့် မိမိကြိုက်နှစ်သက်သည့် အဆိုတော်များ၏တေးသီချင်းများအား အချိန်နေရာမရွေးခံစားနားဆင်နိုင်မည်ဖြစ်သည်။ ထို့အပြင် ကြော်ငြာများ မပါဘဲ တေးသီချင်းတွေကို မိမိတို့၏လက်ကိုင်ဖုန်းများ နှင့် ၊ tablet များတွင် မိမိတို့နှစ်သက်သည့် တေးသီချင်းများကို စိတ်ကြိုက် ဒေါင်းလုတ် ရယူထားပြီး၊ ကိုယ်ပိုင် တေးသီချင်း စာရင်းများ ဖန်တီးကာ၊ Offline ပြန်လည်နားထောင်နိုင်စေမည့် VIP access ကိုလည်း ရရှိမည် ဖြစ်ပါသည်။ တေးသီချင်းများအားလုံးကို အသံအရည်အသွေးမြင့် တိုက်ရိုက်ခံစားနားဆင်နိုင်မည်ဖြစ်သည်။

MPT JOOX ဒေတာပက်ကေ့ချ် အစီအစဉ် များကို အောက်ပါဇယားတွင် ဖော်ပြပေးထားပါသည်။

JOOX App ကို ဒေါင်းလုတ် ပြုလုပ်ရန် Google Play Store မှလည်းကောင်း (သို့မဟုတ်) Apple App Store မှလည်းကောင်း ဒေါင်းလုတ်ရယူနိုင်မည်ဖြစ်သည်။ ထို့အပြင် JOOX website သို့ဝင်ရောက်၍ Facebook၊ WeChat၊ email account များဖြင့်လည်း log in ဝင်ကာ အသုံးပြုနိုင်မည်ဖြစ်သည်။

MPT JOOX Data Pack ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အသေးစိတ်ပိုမိုသိရှိလိုပါက 106 ကို ဖုန်းခေါ်ဆို၍ဖြစ်စေ၊ MPT ၏ တရားဝင် ဝက်ဘ်ဆိုဒ်စာမျက်နှာ ဖြစ်သည့် www.mpt.com.mm သို့ဝင်ရောက်၍ဖြစ်စေ၊ MPT ၏ တရားဝင် Facebook page ဖြစ်သည့် https://www.facebook.com/mptofficialpage သို့ ဝင်ရောက်၍ဖြစ်စေ လေ့လာနိုင်မည် ဖြစ်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top