အိုင်ဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး ပြိုင်တဲ့ပွဲမှာ အရွေးချယ်ခံရတဲ့ ကိုအောင်ပြည့်စိုး

yyl-17-042.gif

ကိုအောင်ပြည့်စိုးဟာ ၂၀၁၅ ခုနှစ် အတွက် အကောင်းဆုံး အိုင်ဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး ယှဉ်ပြိုင်တဲ့ ပွဲမှာ အရွေးချယ် ခံခဲ့ရပါတယ်။သူဟာ အင်းလေးကန်၏ သဘာဝ အလှကို ဓာတ်ပုံရိုက်ပြီးယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ပုံကို အိုင်ဖုန်း ကုမ္ပဏီမှ ရွေးချယ်ခဲ့တာ ဖြစ်ပြီး ရွှေတစ်ကျပ်သား ကိုလည်း အိုင်ဖုန်းမှ ချီးမြှင့်ခဲ့တယ်လို့ ရိုးရာလေးကို ပြောပါတယ်။

အဲဒီ အင်းလေးကန်ရဲ့ ပုံကို သူရိုက်ဖြစ်ခဲ့တဲ့ အကြောင်းကတော့ သူဟာ အင်းလေးကန်သို့ အလည်သွားစဉ် မနက်စောစော မြင်တွေ့ခဲ့တဲ့ မြင်ကွင်း တစ်ခုကို အမိအရ ဖမ်းယူပြီး အိုင်ဖုန်းနဲ့ ရိုက်ခဲ့တာပါ။ထိုပုံကတော့ လှေသမား နှစ်ယောက် မီးအိမ်ကို ကိုင်နေတဲ့ ပုံဖြစ်ပါတယ်။ ဒါ့အပြင် ထိုပုံကို အိုင်ဖုန်းမှ ရွေးချယ်ခဲ့ပြီးနောက် နိုင်ငံတကာရှိ အိုင်ဖုန်းကြော်ငြာ များရဲ့ ဆိုင်းဘုတ်တွေမှာ ချိတ်ထားခဲ့ပါတယ်။

ဒါ့အပြင် သူဟာ တိုင်းမ်မဂ္ဂဇင်း၏ မျက်နှာဖုံးမှာလည်း အိုင်ဖုန်းနဲ့ ဓာတ်ပုံရိုက်တဲ့ ပုံကို ဖော်ပြခံခဲ့ရပါတယ်။ အဲဒီပုံကတော့ ကိုရင်လေး နှစ်ပါးပုံ ဖြစ်ပါတယ်။ အခြားသော ဓာတ်ပုံပြိုင်ပွဲများစွာမှာလည်း သူ့ပုံတွေဟာ ဆုများစွာ ရရှိခဲ့ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top