နေပြည်တော်မှာ စားသောက်ဆိုင်တွေအားလုံး ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ ညွှန်ကြား

25-3-2020-yyl-028-1.jpg

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နေပြည်တော်က စားသောက်ဆိုင်တွေအားလုံးကို ဆိုင်ထိုင်စနစ်နဲ့ မရောင်းချရဘဲ ပါဆယ်စနစ်နဲ့သာရောင်းချဖို့ နေပြည်တော်ကောင်စီကနေ ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် ကာရာအိုကေဆိုင်တွေ၊ အနှိပ်ခန်းတွေကို ဖွင့်လှစ်ခြင်းမပြုဖို့နဲ့ အလှူ၊ မင်္ဂလာဆောင်၊ ပွဲလမ်း သဘင်တွေ၊ အခမ်းအနားတွေကျင်းပတာတွေကိုလည်း မပြုလုပ်ဖို့ ညွှန်ကြားထားပြီး လိုက်နာမှုမရှိပါက ဥပဒေနဲ့ အညီ ထိရောက်စွာအရေးယူသွားမယ်လို့ သတိပေးလိုက်ပါတယ်။

လူစုလူဝေးနဲ့ကျင်းပပြုလုပ်ရတဲ့ ဘာသာရေး၊ လူမှုရေးပွဲလမ်းသဘင်အခမ်းအနားတွေကို ကျင်းပပြုလုပ် ရမယ့်ရက်ကို ရွှေ့ဆိုင်းသွားကြဖို့ နေပြည်တော်ကောင်စီက မတ် ၁၈ ရက်မှာ အမိန့်ထုတ်ပြန်ခဲ့ပေမယ့် ဆက်လက် ကျင်းပပြုလုပ်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အခုလိုတွေရှိနေတဲ့အတွက် လိုက်နာမှုမရှိရင် ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူသွားမယ်လို့ သတိပေး လိုက်တာဖြစ်ပြီး အခုနောက်ဆုံးထုတ်ပြန်တဲ့ အချက် ၃ ချက်ပါ ညွှန်ကြားချက်ကို အောက်ခြေအဆင့်ထိ သိရှိ လိုက်နာအောင် ဆောင်ရွက်သွားဖို့ ဌာနတွေကို အကြောင်းကြားထားပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနရဲ့ ဓာတ်ခွဲအဖြေအရ မတ် ၂၃ ရက်တွင် အမျိုးသားနှစ်ဦး၊ မတ် ၂၅ ရက်တွင် အမျိုးသားတစ်ဦး၊ မတ် ၂၇ ရက်မှာ အမျိုးသားနှစ်ဦး၊ စုစုပေါင်း အမျိုးသား ၅ ဦးမှာ COVID-19 ရောဂါတွေ့ရှိထားပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top