ကျားပါးစပ်ထဲက သားအသက်ကို ကယ်ဖို့ ကျားကို လက်ဗလာနဲ့ နပန်းလုံးခဲ့တဲ့မိခင်

9-7-2022-yyl-20.jpg

သားသမီးအပေါ်ထားတဲ့ မိခင်မေတ္တာ ဘယ်လောက်ကြီးမားလဲဆိုရင် ကျားတစ်ကောင်ကိုတောင် လက်ဗလာနဲ့ နပန်းလုံးရဲပါသတဲ့။ ဒဏ္ဍာရီပုံပြင် မဟုတ်ပါဘူး။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကမှ အိန္ဒိယနိုင်ငံ မဟာပရာဒက်ရှ်ပြည်နယ်မှာ ဖြစ်သွားတာ။

အာချနာနဲ့ ၁၅ လအရွယ် သားငယ်တို့ လယ်ကွင်းထဲမှာ ရှိနေတုန်း ကျားတစ်ကောင်က ချုံပုပ်ထဲက ထွက်လာပြီး ကလေးရဲ့ခေါင်းကို ခဲပြီး ချီပြေးဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ အာချနာက ကျားနောက်ကို သူ့သား ပါမသွားအောင် ကျားကို ဝင်လုံးခဲ့တယ်။ တပြိုင်တည်းမှာပဲ အော်ဟစ်အကူအညီတောင်းခဲ့လို့ အနီးဝန်းကျင်က ရွာသွားတွေ တုတ်ကိုစ်ီနဲ့ ရောက်လာလို့ ကျားက ထွက်ပြေးသွားခဲ့တာပါ။

ဒီဖြစ်ရပ်မှာ အာချနာက အဆုတ်ပေါက်ပြဲသွားပြီး ခန္ဓာကိုယ်မှာလည်း ဒဏ်ရာတွေ ရခဲ့တယ်။ ကလေးကတော့ ခေါင်းမှာ ဒဏ်ရာရထားလို့ သားအမိနှစ်ယောက်လုံး ဆေးရုံမှာ ကုသမှုခံယူနေရတယ်။ ကလေးရဲ့ဒဏ်ရာက မစိုးရိမ်ရပေမဲ့ အာချနာရဲ့ ဒဏ်ရာတွေကတော့ ပြင်းထန်တယ်လို့ ဆရာဝန်က ပြောပါတယ်။

ဘန်ဒါဗဂဟာ ကျားဘေးမဲ့တော အစွန်အဖျားဒေသမှာ အခုလိုဖြစ်ခဲ့တာပါ။ ကျားဘေးမဲ့တောတစ်ဝိုက်မှာ လူတွေကို တိရစ္ဆာန်တွေ တိုက်ခိုက်တာ အထူးအဆန်း မဟုတ်တော့ါဘူး။ ကျားတွေအပြင် ဆင်တွေကပါ ရွာတွေထဲဝင်လာပြီး ကောက်ပဲသီးနှံတွေကို ဖျက်ဆီးတာမျိုး ဖြစ်ခဲ့ဖူးပါတယ်။

Ref: Madhya Pradesh: India mum injured fighting to save baby from tiger

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply