ဖောက်ထွင်းမြင်ရတဲ့ ဦးခေါင်းနဲ့ ပင်လယ်ငါး

7.9-2022-yyl-05.jpg

ဖောက်ထွင်းမြင်ရတဲ့ ဦးခေါင်းနဲ့ ငါးကို မြင်ဖူးကြလား။ အဲဒီလိုငါးမျိုးကို ပင်လယ်ရေနက်ပိုင်းမှာ မြင်တွေ့ရနိုင်ပြီး the barreleye ငါး (သိပ္ပံနာမည် Macropinna microstoma) လို့ ခေါ်ပါတယ်။ ဦးခေါင်းအတွင်းမှာ စူထွက်နေတဲ့ အစိမ်းရောင်မျက်လုံးတစ်စုံကို အထင်သားမြင်နေရတာပါ။

ထူးခြားတဲ့ပုံသဏ္ဌန်နဲ့ စွဲမက်ဖွယ်ကောင်းတဲ့ ဒီငါးက ပင်လယ်ပြင်အောက် အနက် မီတာ ၆၀၀ – ၈၀၀ မှာ ကျင်လည်ကျက်စားကြပါတယ်။ ဒီငါးက နေရောင်နဲ့ ဇီဝဖြာထွက်မှုအကြား ခွဲခြားသိနိုင်ပါတယ်။ အဲဒါကြောင့်ပဲ ဖုံးကွယ်ဖို့ ကြိုးစားနေတဲ့ တိရစ္ဆာန်အားလုံးရဲ့အရိပ်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်တယ်လို့ ကယ်လီဖိုးနီးယားပြည်နယ်ရှိ the Monterey Bay Aquarium Research Institute ရဲ့ပင်လယ်ရေနက်ပိုင်းဇီဝဗေဒပညာရှင် ဘရု ရိုဘီဆန်က ဆိုပါတယ်။

ရိုဘီဆန်တို့ရဲ့အဖွဲ့က အဲဒီငါးဟာ မျက်လုံးတွေလှည့်နိုင်တယ်ဆိုတာကိုလည်း အဝေးထိန်းယာဉ်ရဲ့ကင်မရာကတဆင့် စောင့်ကြည့်ရင်းတွေ့ရှိခဲ့ရပါတယ်။ မျက်လုံးတွေလှည့်နိုင်တာကြောင့် ရေထဲက သားကောင်တွေကို သူ့ရဲ့ပါးစပ်ရှေ့နားရောက်တဲ့အထိ ခြေရာခံနိုင်ပါတယ်။ ဒီငါးမျိုးကို မြင်တွေ့ရဖို့ ခဲယဉ်းပါတယ်။ ရိုဘီဆန်က သူ့လုပ်သက် နှစ် ၃၀ အတွင်း the barreleye ငါးကို (၈) ခါလောက်ပဲ မြင်ဖူးခဲ့ပါတယ်။

Ref: This Stunning Deep Sea Fish Has A Transparent Head

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top