၃ နှစ်အတွင်း သစ်တောအကျယ်အဝန်း စတုရန်းမိုင် ၈၇၀ အထိ ကြီးထွားလာတဲ့ အိန္ဒိယ

17-2-2022-yyl19.jpg

အိန္ဒိယနိုင်ငံရဲ့ ကမ္ဘာ့စံချိန်ချိုး သစ်ပင်စိုက်ပျိုးပွဲတွေက ထိရောက်အောင်မြင်ခဲ့ပြီး ၃ နှစ်တာအတွင်း သစ်တောအကျယ်အဝန်း စတုရန်းမိုင် ၈၇၀ အထိ ကြီးထွားလာခဲ့တယ်လို့ အိန္ဒိယသစ်တောတိုင်းတာရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း အိန္ဒိယနိုင်ငံမှာ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတွေ အကြီးအကျယ်ဆင်နွှဲခဲ့ပြီး ၂၀၁၆ ခုနှစ်က ဥတ္တာပရာဒက်ရှ်ပြည်နယ်မှာ တစ်ရက်တည်း သစ်ပင်သန်း ၅၀၊ ၂၀၁၇ ခုနှစ်က မဟာပရာဒက်ရှ်ပြည်နယ်မှာ သစ်ပင် ၆၆ သန်း စိုက်ပျိုးပြီး ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံသားတွေဟာ အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ပျိုးရုံတင်မကဘဲ ဓလေ့ဆိုးတွေကို တိုက်ဖျက်ဖို့လည်း သစ်ပင်စိုက်ပျိုးခဲ့ကြပါတယ်။ သမီးမိန်းကလေး မလိုလားတဲ့ အစွဲအလမ်းကို ဖျောက်ဖျက်ဖို့အတွက် ရာဂျက်စသန်ပြည်နယ် ပိုင်ပလန်ထရီရွာမှာ သမီးမိန်းကလေး မွေးဖွားတိုင်း သစ်ပင် ၁၁၁ ပင် စိုက်ပျိုးတဲ့ အလေ့အထတစ်ခု လုပ်ခဲ့ကြပါတယ်။

အဲဒီလိုလုပ်ရပ်တွေကြောင့် အိန္ဒိယနိုင်ငံရဲ့ ၄ ပုံ၊ ၁ ပုံဟာ သစ်တောအပြည့် ဖုံးလွှမ်းလာတဲ့အထိ သစ်တောပမာဏ တိုးတက်လာခဲ့တာပါ။ အန်ဒရာပရာဒက်ရှ်၊ တီလန်ဂါနာ၊ သြဒိသပြည်နယ်တွေဟာ သစ်တောတိုးတက်မှုနှုန်း အမြင့်ဆုံး ဖြစ်နေပါတယ်။

Ref: Goodnews “India’s Mass Tree Planting Success: Forest Cover Grows by Half-Million Acres in Two Years”

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply