ကမ္ဘာ့ဖလားပြိုင်ပွဲဝင်စရိတ် မရှိလို့ ရန်ပုံငွေရှာခဲ့ရတဲ့ ဂျမေကာအမျိုးသမီးအသင်း ရှုံးထွက်အဆင့် တက်ပြီ

2.8.23-yyl-16.jpg

ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ပြိုင်ဖို့ စရိတ်စက မလောက်ငှခဲ့တဲ့ ဂျမေကာ အမျိုးသမီးအသင်းဟာ ပြင်သစ်နဲ့ ဘရာဇီးကို သရေ ကစား၊ ပနားမားကို အနိုင်ယူပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှုံးထွက်အဆင့် တက်လှမ်းသွားခဲ့ပါပြီ။ ဂျမေကာ ဘောလုံးအဖွဲ့ချုပ်က ဂျမေကာ အမျိုးသမီးအသင်းအတွက် ပြိုင်ပွဲဝင်စရိတ် လောက်ငှအောင် မပံ့ပိုးပေးနိုင်ခဲ့လို့ ကစားသမားတွေရဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ ပရိသတ်တွေက စရိတ်ရအောင် ကူညီပေးခဲ့ရတာပါ။

ဂျမေကာကွင်းလယ်လူ ဆိုလန်ရဲ့မိခင်က Reggae Girlz Rise Up ဆိုတဲ့ ခေါင်းစဉ်နဲ့ GoFundMe ဝက်ဘ်ဆိုက်မှာ ရန်ပုံငွေရှာခဲ့ပြီး ဒေါ်လာ ၅ သောင်း ရခဲ့ပါတယ်။ တခြားရန်ပုံငွေရှာဖွေသူတစ်ယောက်က ဒေါ်လာ ၄ သောင်းခွဲ ထပ်ရခဲ့လို့ ဂျမေကာအသင်း ပြိုင်ပွဲကျင်းပရာ သြစတြေးလျနိုင်ငံကို လာနိုင်ခဲ့တာပါ။

အဲဒီလို အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရတဲ့ ဂျမေကာအမျိုးသမီးအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဘရာဇီး ဂိုးမရှိ သရေကစားကာ ရှုံးထွက်အဆင့် တက်ရောက်နိုင်ခဲ့ပြီး ပွဲအပြီး အသင်း ကစားသမားတွေ အောင်ပွဲခံပုံကို ကြည့်ရင် သူတို့ရဲ့ ဝမ်းသာမှု အတိုင်းအတာကို မြင်ရနိုင်ပါတယ်။ အခက်အခဲတွေကို ကျော်လွှားပြီး ရရှိလာတဲ့ အောင်မြင်မှုက ပိုချိုမြိန်တယ်လို့ ဆိုရမှာပါ။

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top