ဆံပင်ကျွတ်ရခြင်းရဲ့အဓိကအကြောင်းအရင်း (၅) ခု

17-2-2022-yyl17.jpg

ဆံပင်ကျွတ်လို့ ဆံသားတွေ ပါးနေပြီလား။ သင်က ကျန်းမာရေးနဲ့ညီညွှတ်စွာ စားသုံးနေပေမဲ့ ဆံပင်တွေ ကျွတ်နေတုန်းဆိုရင် အဲဒါနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်ဖို့ လိုနေပါပြီ။ ကျွန်မတို့တွေက ဆံပင်ကျွတ်တာအတွက် ဆေးဘက်ဆိုင်ရာအကူအညီကို မရှာဖွေကြပေမဲ့ ဆံပင်ကျွတ်ရခြင်းအကြောင်းအရင်းကိုတော့ တွေးဖြစ်ကြပါတယ်။ Blossom Kochhar Group of Companies ရဲ့ ဉက္ကဌ ဒေါက်တာ ဘလို့စ်ဆွန် ကိုချဟာ (Blossom Kochhar) ကတော့ ဆံပင်ကျွတ်ခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းကို မျှဝေပေးထားပါတယ်။

လူတိုင်းဟာ ခေါင်းပေါ်က ဆံပင်တွေ ကျွတ်ပြီးပါးသွားတဲ့အခါ စိုးရိမ်စိတ်တွေ ဖြစ်ပေါ်လာတတ်ကြပါတယ်။ ဒါပေမဲ့ ဆံပင်ကျွတ်ပြီး ဆံပင်ပါးရခြင်းအကြောင်းအရင်းကို သိဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဒေါက်တာ ဘလို့စ်ဆွန် မျှဝေပေးထားတဲ့ ဆံပင်ကျွတ်ရခြင်းအကြောင်းအရင်းကို ကြည့်လိုက်ရအောင်…။

စိတ်ဖိစီးခြင်း – ကျွန်မတို့ အလွန်အကျွံတွေးလွန်းတဲ့အခါ၊စိတ်ဖိစီးလွန်းတဲ့အခါ ကျွန်မတို့ရဲ့ အာရုံကြောစနစ်တစ်ခုလုံးနဲ့ အစာခြေစနစ်တွေ ကမောက်ကမာဖြစ်ရပါတယ်။ အဲဒါက အတွင်းပိုင်းမညီမျှမှုတွေဖြစ်ပေါ်လာပြီး လိုအပ်တဲ့ အာဟာရဓာတ်ကို မပေးစွမ်းနိုင်တာကြောင့် ဆံပင်ကျွတ်ခြင်းနဲ့ ဆံပင်ပါးခြင်းကို ဖြစ်စေပါတယ်။

တစ်နေ့တာအစားအစာ – ဘိုင်အိုတင်၊ ဇင့်စ် နဲ့ ဗီတာမင်ဒီချို့တဲ့ခြင်းက ဆံပင်ကျွတ်ခြင်းနဲ့ ဆံပင်ပါးခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဗီတာမင် ဒီချို့တဲ့ခြင်းကြောင့် ထိပ်ပြောင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ကျွတ်ခြင်းနဲ့ ဆံပင်ပါးခြင်းတွေ မဖြစ်အောင် ခန္ဓာကိုယ်က လိုအပ်တဲ့အာဟာရဓာတ်တွေရဖို့အတွက် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့စားသောက်နေထိုင်မှုပုံစံကို ထိန်းထားဖို့ အရေးကြီးပါတယ်။

ဗောက်ထခြင်း – ဆံပင်ကျွတ်ခြင်းရဲ့နောက်ထပ်အကြောင်းအရင်းကတော့ ဗောက်ထခြင်းပါပဲ။ ခေါင်းမှာ ဗောက်ဖတ်တွေ စုပုံလာတဲ့အတွက် ကျွန်မတို့တွေက ခေါင်းယားယံလို့ ကုတ်မိကြပါတယ်။ အဲဒီလိုလုပ်တာက ဆံသားကို အားနည်းသွားစေပြီး ရလဒ်အနေနဲ့ ဆံပင်ပါးခြင်း၊ ဆံပင်ကျွတ်ခြင်းတွေဖြစ်လာစေပါတယ်။

ကိုယ်အလေးချိန် – ကိုယ်အလေးချိန်သိသိသာသာကျသွားတာက သင့်ရဲ့ဆံပင်အပေါ် ဆိုးရွားတဲ့သက်ရောက်မှုရှိစေနိုင်ပါတယ်။ ကိုယ်အလေးချိန်ကျသွားရင်းနဲ့ အရေးကြီးတဲ့ အာဟာရဓာတ်တချို့ကိုလည်း ဆုံးရှုံးရပြီး ဆံပင်ကျွတ်ခြင်းကို ဖြစ်စေတဲ့ ဆိုးကျိုးလည်း ရှိလာစေနိုင်ပါတယ်။

အသက်အရွယ် – ယောကျ်ားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် အသက်ကြီးလာတာနဲ့ ခန္ဓာကိုယ်မှာ အပြောင်းအလဲတွေ အများကြီးဖြစ်လာပြီး ဆံပင်တွေ ကျွတ်လာနိုင်ပါတယ်။

Ref: Hair care: 5 major reasons that cause hair thinning

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top