၁၃ နှစ်ကြာ ရှာဖွေနေရတဲ့ ကမ္ဘာ့အရှားပါးဆုံးပန်းမျိုးစိတ်ကို ရှာတွေ့ခဲ့လို့ ဝမ်းသာပိတီမျက်ရည်ကျခဲ့ရတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား 

find0.jpg

အင်ဒိုနီးရှားသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတစ်ဦးဟာ သူ ၁၃ နှစ်ကြာ ရှာဖွေနေရတဲ့ ကမ္ဘာ့အရှားပါးဆုံးပန်းမျိုးစိတ် ရီဖလက်ဆီယာကို ရှာတွေ့ခဲ့ပြီးတဲ့နောက်မှာ ဝမ်းသာပီတိမျက်ရည်ကျခဲ့ရပါတယ်။ ဒယ်ကီ အန်ဒရီကီဆိုသူက ဆူမားတြားက လေ့လာရေးအဖွဲ့နဲ့အတူ မိုးသစ်တောတွေကို နေ့ရောညပါဖြတ်သန်းပြီးနောက် အဲ့ဒီပန်းမျိုးစိတ်ကို တွေ့ရှိခဲ့တာပါ။ 


အဲ့ဒီခရီးစဉ်မှာ အောက်စ်ဖို့ဒ်တက္ကသိုလ်က ဇီဝဗေဒတွဲဖက်ပါမောက္ခ ခရစ် သိုရိုဂွတ်ဒ်လည်း ပါဝင်ခဲ့ပါတယ်။ သူတို့အဖွဲ့က အဲ့ဒီပန်းမျိုးစိတ် ပွင့်လာတာကို မျက်မြင်တွေ့ရှိခဲ့ရပါတယ်။ ရီဖလက်ဆီယာပန်းမျိုးစိတ်က အဖူးအပွင့်ဖြစ်လာဖို့အတွက် ၉ လကြာမြင့်ပြီး ပန်းပွင့်တာလည်း ရက်အနည်းငယ်သာပွင့်တာကြောင့် အလွန်ရှားပါးပါတယ်။ စင်ကာပူရဲ့ဗြိတိသျှကိုလိုနီတည်ထောင်သူ စတန်ဖို့ဒ်  ရီဖလက်ဆီယာကို အစွဲပြုပြီး ရီဖလက်ဆီယာလို့ အမည်ပေးခဲ့တာပါ။ ဒီပန်းမျိုးစိတ်ကို ကမ္ဘာ့အရှားပါးဆုံးနဲ့ အကြီးဆုံးအဖြစ်ယူဆထားပြီး လူတွေထက် ကျားတွေက ပိုပြီး ဒီပန်းကိုမြင်တွေ့ရတယ်လို့ ဆိုကြပါတယ်။ 


Ref: Indonesian biologist cries tears of joy upon finding world’s rarest flower Rafflesia after 13-year hunt

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top