ဖြတ်သွားဖြတ်လာလုပ်တဲ့သူတွေကို ကြောက်လန့်သွားစေမယ့် Pennywise နှင်းရုပ်ထုကို ပညာရှင်တစ်ဦးက ဖန်တီး

yyl-023-7.jpg

ဆောင်းရာသီဆိုရင် အရမ်းအေးပြီး နှင်းကျတဲ့နေရာတော်တော်များများမှာ နှင်းရုပ်တုတွေပြုလုပ်ကြပါတယ်။ အဲဒီလိုနေရာတွေမှာ နှင်းရုပ်တုဖန်တီးတာက ဓလေ့ထုံးစံလို့ ဖြစ်နေပါပြီ။ လည်စည်းပဝါ၊ နှာခေါင်းက မုန်လာဥနီနဲ့ နှင်းရုပ်တုတွေက ချစ်ဖို့ကောင်းကြပါတယ်။ ဒါပေမဲ့ ပညာရှင်တစ်ဦးကတော့ မြင်ဖူးနေကျ နှင်းရုပ်တုလိုမျိုးမဟုတ်ဘဲ မတူတဲ့ပုံစံမျိုး ဖန်တီးခဲ့ပါတယ်။

အဲဒီပညာရှင်က ရှရှားနိုင်ငံက အလက်ဇန္ဒား ဆာဗက်စကီ (Alexander Savski) ဆိုတဲ့အမျိုးသားဖြစ်ပြီး သူက ရုပ်ရှင်ချစ်ပရိသတ်တွေအထူးနှစ်ခြိုက်ခဲ့ကြတဲ့ Itဇာတ်ကားရဲ့ဇာတ်ကောင် Pennywise ကို နှင်းရုပ်တုအနေနဲ့ ဖန်တီးခဲ့ပါတယ်။ ကျောချမ်းဖို့ကောင်းတဲ့ လူပြက်Pennywise ကို Nekrasov လမ်းမပေါ်က ကလေးကစားကွင်းရဲ့ဒန်းပေါ်မှာ ထိုင်နေတဲ့ပုံစံမျိုး ဖန်တီးခဲ့တာပါ။ ကလေးကစားကွင်းကို ဖြတ်သွားတဲ့သူတိုင်းက ဒီရုပ်တုကြီးကိုမြင်ပြီး ကြောက်လန့်သွားမှာ အမှန်ပါပဲ။

“မကြာသေးခင်ကမှ နှင်းရုပ်တုပြိုင်ပွဲတစ်ခုအကြောင်း ကျွန်တော်ကြားခဲ့ပြီး ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ပြိုင်ပွဲမှာ နှင်းရုပ်တုအကြီးဆုံး၊ ဖန်တီးတီထွင်နိုင်စွမ်းအရှိဆုံး၊ နှင်းရုပ်တုအသေးဆုံး စတဲ့ အမျိုးအစား (၃) မျိုးပါဝင်ပါတယ်။ ဆုရရှိတဲ့သူတွေက ဆုတစ်ဆုကို ရရှိမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဆုရရှိတာမရရှိတာက ကျွန်တော်အတွက် အရေးမကြီးပါဘူး” လို့ အလက်ဇန္ဒားက ပြောပါတယ်။

အလက်ဇန္ဒားက ဒီကြောက်စရာနှင်းရုပ်တုကို ဖန်တီးဖို့အတွက် ရာသီဥတုအခြေအနေကောင်းတဲ့အချိန်ကို စောင့်ဆိုင်းခဲ့ရပါတယ်။ ရုပ်တုပုံဖော်ဖို့အတွက် နှင်းတွေက အကောင်းဆုံးဖြစ်ရမှာဖြစ်တာကြောင့်ပါ။ “အပြင်မှာ တော်တော်အေးခဲတဲ့အပူအချိန်ကို လိုအပ်ခဲ့ပါတယ်။ ဒါမှ နှင်းတွေကို ကောင်းကောင်းပုံဖော်နိုင်မှာပါ။ အဲဒီနေ့ကို စောင့်ဆိုင်းနေရတဲ့အတွက် နေ့စဉ်မိုးလေဝသခန့်မှန်းချက်ကို ကျွန်တော်နားထောင်တယ်။ ကျွန်တော် ဒါကို ဖန်တီးဖို့ နာရီတော်တော်များများအချိန်ယူခဲ့ရပါတယ်။ ညမရောက်ခင် ဒီရုပ်တုကို ပြီးအာင် ကျွန်တော်လုပ်ဆောင်ခဲ့ရတယ်။

ရာသီဥတုက ကောင်းနေရင်တောင် ဒီက မြန်မြန်ဆန်ဆန်အရည်ပျော်သွားခဲ့ပါတယ်။ ဒါကြောင့် ဗီဒီယိုရိုက်နေရင်းနဲ့ ဒီရုပ်တုကို ပြန်လည်ဖန်တီးဖို့လိုအပ်ခဲ့ပါတယ်။ အကူအညီအထောက်အပံ့မပါဘဲ တစ်ချိန်တည်းနဲ့ ကျွန်တော်က ရုပ်တုကို ဖန်တီးပြီး ဗီဒီယိုရိုက်ကူးခဲ့တာပါ” လို့ အလက်ဇန္ဒားက ပြောပါတယ်။

အလက်ဇန္ဒား ဆာဗက်စကီ က ပန်းပုဆရာ၊ ဓာတ်ပုံဆရာ၊ ပန်းချီဆရာတစ်ယောက်ဖြစ်ပြီး 3D ဒီဇိုင်းတွေနဲ့ YouTube ဗီဒီယိုတွေကို ဖန်တီးပါတယ်။ သူက အနုပညာတွေဖန်တီးရတာ၊ စိတ်ဝင်စားဖို့ကောင်းတဲ့အရာတွေကို ကမ္ဘာကြီးနဲ့အတူ ချပြရတာကို ပျော်ရွှင်နေတဲ့ပုံပါပဲ။

စာဖတ်ပရိသတ်တွေလည်း ကိုယ့်ရဲ့အိမ်အနီးနားမှာ Pennywise ရုပ်တုကြီးကို ရုတ်တရက်ကြီးမြင်လိုက်မယ်ဆိုရင် ထိတ်လန့်သွားကြမိမယ်ထင်ပါတယ်နော်..။

Ref: Artist Creates A ‘Pennywise’ Snowman, Creeps Out Passersby

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top