လူမှုကွန်ယက်အသုံးပြုသူတွေကို စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ ဗီဒီယိုတွေနဲ့ နာမည်ကြီးတဲ့ TikTok ကြယ်ပွင့် ဘီယန်ဒရီ ဘိုရ်ဆန်ဟာ အသက် ၁၉ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ သူ ကွယ်လွန်သွားပြီဆိုတာကို သူ့ရဲ့မိခင်ဖြစ်သူက ဒီဇင်ဘာ ၁၈ ရက်နေ့မှာ အတည်ပြုပေးခဲ့တာပါ။ ဘီယန်ဒရီဟာ Progeria လို့ခေါ်တဲ့ ကလေးတွေကို အရွယ်မတိုင်ခင် အသက်ကြီးရင့်စေတဲ့ ရှားပါးမျိုးရိုးဗီဇရောဂါကို ခံစားခဲ့ရတာပါ။
သူ့ရဲ့မိခင်က “In Loving Memory of Beandri Booysen” ဆိုတဲ့နာမည်နဲ့ အခုလို ပို့စ်တင်ခဲ့တာပါ။ “တောင်အာဖရိကရဲ့အချစ်မြတ်နိုးရဆုံးနဲ့ စိတ်ဓာတ်ခွန်အားအဖြစ်ဆုံး အမျိုးသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ ဘီယန်ဒရီ ဘိုရ်ဆန် ကွယ်လွန်ကြောင်း ကြေညာလိုက်ရတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ဘီယန်ဒရီက သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ကူးစက်တတ်တဲ့ရယ်မောခြင်းတွေကြောင့် နာမည်ကြီးရုံသာမက တောင်အာဖရိကမှာ Progeria ရောဂါနဲ့ နေထိုင်ဖို့ နောက်ဆုံးအသက်ရှင်ကျန်ရစ်သူလည်းဖြစ်ခဲ့ပါတယ်။ သမီးလေးက စိန်ခေါ်မှုတွေကြားထဲက မျှော်လင့်ချက်နဲ့ ဘဝရဲ့ပျော်ရွှင်မှုတွေနဲ့ တောက်ပနေခဲ့တာပါ။ Progeria ရောဂါနဲ့ပတ်သက်ပြီး သိမြင်မှုတွေဖြစ်စေတဲ့ ပြယုဒ်ပါပဲ။ ဒီအလွန်ခက်ခဲနေတဲ့အချိန်ကာလအတွင်း ချစ်လှစွာသောဘီယန်ဒရီကို ဆုံးရှုံးလိုက်ရတဲ့အတွက် Privacy ကို လေးစားပေးကြဖို့ ဘိုရ်ဆန်မိသားစုက တောင်းဆိုအပ်ပါတယ်။ အောက်မေ့ဖွယ်အခမ်းအနားနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကို နောက်ပိုင်းမှာမျှဝေပေးသွားမှာပါ”
အောက်တိုဘာ ၈ ရက်နေ့မှာ ဘီယန်ဒရီ နှလုံးခွဲစိတ်မှုခံယူရမယ်လို့ သူ့မိခင်ကြေညာပြီးတဲ့နောက်မှာ အခုလို ကွယ်လွန်သွားပြီဆိုတဲ့ သတင်းထွက်ရှိလာခဲ့တာဖြစ်ပါတယ်။
Ref: Inspiring TikTok Star Beandri Booysen Dies Aged 19 from Rare Aging Disease: ‘Radiated Hope and Joy’
WL(ရိုးရာလေး)