ဘရာဇီးနိုင်ငံသား ကောင်းကင်ဒိုင်ဗင်သမားက အမေဇုန်တောထဲမှ သစ်တောပြုန်းတီးနေတဲ့နေရာမှာ သစ်ပင်တွေ ပြန်ပေါက်စေဖို့အတွက် ကောင်းကင်ဒိုင်ဗင်ထိုးပြီး မျိုးစေ့ သန်း ၁၀၀ ကြဲချပေးခဲ့ပါတယ်။
နာမည်ကျော် စတန့်သမားတစ်ဦးဖြစ်ပြီး သဘာဝပတ်ဝန်းကျင်သမားတစ်ဦးဖြစ်တဲ့ လူဂီကာနီဟာ အမေဇုန်မိုးသစ်တောထဲမှ သစ်တောပြုန်းတီးနေတဲ့ နေရာမှာ အမြင့်ပေ ၆၅၀၀ ကနေ ပျံသန်းနေတဲ့ လေယာဉ်ပေါ်မှ ကောင်းကင်ဒိုင်ဗင်ထိုးပြီး မျိုးစိတ်ပေါင်း ၂၇ ခုရဲ့ ဌာနေမျိုးရင်း သစ်စေ့ပေါင်း သန်း ၁၀၀ ပါဝင်တဲ့ ပုံးကို ကြဲချခဲ့တာပါ။
အလေးချိန် ၃၀၀ ကီလိုဂရမ်ရှိတဲ့ ဒီပုံးဟာ သဘာဝအတိုင်း ဆွေးမြေ့ပျက်စီးနိုင်စွမ်း ရှိပါတယ်။ လူဂီကာနီဟာ သစ်စေ့တွေပါတဲ့ ပုံးကို လေထဲမှာ ငြိမ်အောင်ထိန်းရင်း မျိုးစေ့တွေ ကြဲချရာကနေ လက်ကျိုးမလိုတောင် ဖြစ်ခဲ့ပါသေးတယ်။ အခုလို ကြဲချမှုမှာ မျိုးစေ့ကနေ အပင်ပေါက်နိုင်ခြေ ၉၅ ရာခိုင်နှုန်းအထိ ရှိမယ်လို့ တွက်ဆထားကြပါတယ်။
အမေဇုန်သစ်တောထဲမှာ သစ်ပင်တွေ ပြန်ပေါက်ဖို့ အခုလို မျိုးစေ့ကြဲချမယ့် အစီအစဉ်အတွက် ၅ နှစ်ကြာ အချိန်ယူ ပြင်ဆင်ခဲ့ရတာလို့ သိရပါတယ်။
Ref: A Brazilian skydiver literally dropped from the sky to plant the future.
NZ ( ရိုးရာလေး)