အသက် ၇၁ နှစ်အရွယ် ကိုယ်ခံပညာအကျော်အမောမင်းသားကြီး ဂျက်ကီချမ်းဟာ ဖခင်တစ်ယောက်အနေနဲ့ အတိတ်က အမှားတွေကို ပြန်လည်စဉ်းစားမိခဲ့သလို သူ သေဆုံးသွားတဲ့အချိန်ကျ နှုတ်ဆက်သီချင်းထွက်ရှိဖို့လည်း ကြိုတင်ပြင်ဆင်လို့နေပါတယ်။ ဒီအကြောင်းကို ရုပ်ရှင်ဇာတ်ကားအသစ် Unexpected Family အထူးပြပွဲမှာ ထုတ်ပြောသွားခဲ့တာပါ။ သူ ကွယ်လွန်သွားတဲ့အချိန်မှသာ ထွက်ရှိမယ့် နှုတ်ဆက်သီချင်းဖန်တီးဖို့ သူ့ဝန်ထမ်းတွေကို တာဝန်ပေးအပ်ထားတယ်လို့ သူက ထုတ်ပြောခဲ့ပါတယ်။
ရုပ်ရှင်လောကမှာ စွမ်းအင်အပြည့်နဲ့ တက်ကြွစွာ လှုပ်ရှားနေပေမဲ့ မကြာသေးခင် နှစ်တွေအတွင်းမှာ ဆွေမျိုးတွေနဲ့ ရင်းနှီးတဲ့မိတ်ဆွေတော်တော်များများကို နှုတ်ဆက်ခဲ့ရတယ်လို့ဂျက်ကီချမ်းက ပြောပါတယ်။ “နောက်ဆုံးကျ လူတိုင်း သေဆုံးကြတယ်။ လူတိုင်း အိုမင်းလာကြတယ်။ ကျွန်တော့်ရဲ့ Weibo အကောင့်ဟာ အခုဆို နှုတ်ဆက်စကားတွေနဲ့ ပြည့်နှက်နေပြီ”လို့ သူက ဆိုပါတယ်။
သူ့အတွက် နှုတ်ဆက်သီချင်းကို သေချာသိမ်းထားဖို့နဲ့ ထွက်ဖို့အတွက် အချိန်ကောင်းကို စောင့်ဖို့ သူ့ဝန်ထမ်းကို ညွှန်ကြားထားတယ်လို့လည်း သူက ထုတ်ပြောသွားခဲ့ပါတယ်။ ဒီထုတ်ဖော်ပြောကြားချက်က လူမှုကွန်ယက်အသုံးပြုသူတွေကို စိတ်မကောင်းဖြစ်စေခဲ့ပါတယ်။ အဲ့ဒီသီချင်းနားထောင်ရမယ့်နေ့ကို မြင်ယောင်ကြည့်လို့တောင်မရဘူးလို့ တချို့လူမှုကွန်ယက်အသုံးပြုသူတွေက ပြောပါတယ်။ ဂျက်ကီချမ်းရဲ့ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကို ရင်ဆိုင်ရဲတဲ့သတ္တိကို တချို့လူတွေကလည်း ချီးကျူးထားကြပါတယ်။
ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ဂျက်ကီချမ်းဟာ သူ့ရဲ့ရင်းနှီးဆုံးမိတ်ဆွေသူငယ်ချင်းတွေ ဆုံးရှုံးမှုအတွက် ဝမ်းနည်းကြေကွဲခဲ့ရပါတယ်။
မင်းသားကြီးဂျက်ကီချမ်းရဲ့ဆက်စပ်သတင်းဖတ်ရှုရန် – “သားဖြစ်သူ မခေါ်တော့လောက်အောင် မိဘအုပ်ထိန်းမှုတင်းကျပ်မှုအပေါ် နောင်တရနေတဲ့ မင်းသားကြီး ဂျက်ကီချမ်း” – https://yoyarlay.com/jackie-chan-regrets-overly-strict-parenting-says-son-no-longer-calls-him/
Ref: Jackie Chan Has Prepared a “Farewell Song” to Be Released After His Death
WL (ရိုးရာလေး)

