ဖခင်ရဲ့စကားတစ်ခွန်းကြောင့် ငွေ သန်းချီရှာနိုင်ခဲ့တဲ့ အသက် (၂၀) အရွယ်လူငယ်လေး

yyl-001-3.jpg

Milton Keynes မြို့က အသက် (၂၀) အရွယ်တိုင်လာ ဘောလ် (Tyler Ball) ဆိုတဲ့ လူငယ်လေး ဟာ အခုဆိုရင် သူ့ဖခင်ရဲ့စကားတစ်ခွန်းကြောင့် အရောင်းရဆုံးပစ္စည်းကို ထုတ်လုပ်နိုင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင် လေးဖြစ်လာခဲ့ပါပြီ။ သူ့ရဲ့ဖခင်က သူ့ကို ဘဏ်ထဲမှာ ပေါင် (၁၀၀,၀၀၀) ရအောင်လုပ်နိုင်ရင် ကျောင်းကနေ ထွက်နိုင်တယ်လို့ ပြောခဲ့တဲ့အတွက် ရက် (၃၀) အတွင်းမှာ မုတ်ဆိတ်ရိတ်စက်ကို ရောင်းချပြီး ပေါင် သန်းတစ်ဝက်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အခုဆိုရင် အမျိုးသားသုံးကုန်ပစ္စည်းတံဆိပ် BALLS ရဲ့ထုတ်ကုန်ဟာ ကမ္ဘာတစ်ဝှမ်းက နိုင်ငံပေါင်း (၁၅၀) မှာ ရောင်းချနေရပြီး အခုနှစ်မှာ ပေါင် (၅၅) တန်ဖိုးရှိတဲ့ ဒီပစ္စည်းကို (၁၂၀,၀၀၀) ရောင်းချပြီးရင်တော့ ပေါင် (၉) သန်းရရှိတော့မှာဖြစ်ပါတယ်။ တိုင်လာဟာ သူ့ရဲ့ညီလေး ကတ်ကြေးနဲ့ မုတ်ဆိတ်ရိတ်တာကို မြင်ပြီး ဒီစိတ်ကူးအကြံဉာဏ်ရခဲ့တာဖြစ်ပါတယ်။

အစက တိုင်လာဟာ သူ့အဖေပြောတဲ့ငွေပမာဏကို အွန်လိုင်းပေါ်ကနေ လျှပ်စစ်ပစ္စည်းတွေ ရောင်းချပြီး ရအောင်လုပ်ခဲ့တာပါ။ အဲဒီနောက်မှာ BALLS ဆိုတဲ့ ကုန်ပစ္စည်းတံဆိပ်ထောင်ဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်။ “မင်း ဘဏ်ထဲမှာ ပေါင် (၁၀၀,၀၀၀) ရအောင်မလုပ်နိုင်ရင် ကျောင်းထွက်ရမှာမဟုတ်ဘူးလို့ အဖေက ပြောခဲ့ပါတယ်။ အဖေရဲ့စကားတွေက ကျွန်တော် အပြောင်းအလဲဖြစ်ဖို့အတွက် အထောက်အကူဖြစ်ခဲ့ပါတယ်” လို့ တိုင်လာက ပြောပါတယ်။

တိုင်လာရဲ့ဖခင်က သူ့ရဲ့ငွေပမာဏလည်း ပြောလိုက်ရော တကယ်ကို အံ့အားသင့်သွားခဲ့ပြီး သူ့ထက်တောင် ငွေပိုရှာနိုင်ခဲ့တယ်လို့ တွေးခဲ့ပါတယ်။ တကယ်ကို အံ့အားသင့်စရာလူငယ်လေးပဲ။ သူ အခုလိုအောင်မြင်မှု ရခဲ့တဲ့အတွက် အရမ်းဂုဏ်ယူလို့နေပါတယ်။

ပြီးခဲ့တဲ့နှစ်ကမှ တိုင်လာက မတ်တ် အိတ်ချ် (Matt Edge) နဲ့ အတူ BALLS တံဆိပ်ကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ သူက မတ်တ်ကို သူ့ဖခင်ရဲ့ mutual friend ထဲကနေ တွေ့ဆုံမိခဲ့ပြီး အခုလို လက်တွဲဖြစ်ခဲ့ပါတယ်။ တိုင်လာဟာ တရုတ်ကုမ္ပဏီ Alibaba ကို တွေ့ရှိပြီး စီးပွားရေးကို စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။

Ref: Entrepreneur, 20, whose dad told him he couldn’t quit school until he had £100,000 in the bank is now on course to make £9 MILLION from selling a ‘manscaping’ tool

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top