ရောင်းအားကျဆင်းမှုကြောင့် ဂျပန်ကားထုတ်လုပ်ရေးကုမ္ပဏီ Nissan က ဝန်ထမ်းအင်အား ၉၀၀၀ လျှော့ချ

8.11.2024-yyl-14.jpg

ဂျပန်ကားထုတ်လုပ်ရေးကုမ္ပဏီ Nissan က မော်တော်ယာဉ်ရောင်းချမှုတွေ ကျဆင်းသွားတာကြောင့် နောက်ဆုံးဘဏ္ဍာရေးသုံးလပတ်အတွက် အရှုံးပေါ်ခဲ့လို့ ဝန်ထမ်းအင်အား ၉၀၀၀ ကိုလျှော့ချဖို့ဖြစ်လာစေခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အမှုဆောင်အရာရှိချုပ် မာကိုတို အုချီတာက အခုလိုအရှုံးပေါ်ခဲ့တဲ့ရလဒ်အတွက် တာဝန်ယူတဲ့အနေနဲ့ သူကိုယ်တိုင် လစာ ၅၀ ရာခိုင်နှုန်းဖြတ်တောက်ယူခဲ့ပြီး အပြောင်းအလဲတစ်ခုဖြစ်လာစေရမယ်လို့လည်း ကတိပေးခဲ့ပါတယ်။

ဝန်ထမ်းအင်အား ၉၀၀၀ (သို့) ဝန်ထမ်း ၁၃၃၀၀၀ ကျော်ရဲ့ ၆ ရာခိုင်နှုန်းခန့်ကို လျှော့ချကာ ကမ္ဘာ့လုံးဆိုင်ရာထုတ်လုပ်မှုစွမ်းရည်ကိုလည်း ၂၀ ရာခိုင်နှုန်း လျှော့ချမယ်လို့ ကြေညာခဲ့ပါတယ်။ ဘယ်ဒေသတွေ ဖြတ်တောက်ခံရမယ်ဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။

စက်တင်ဘာလအထိ နောက်ဆုံးသုံးလပတ်အတွက် Nissan က ယန်း ၉.၃ ဘီလျံ (ဒေါ်လာ သန်း ၆၀) အရှုံးပေါ်ခဲ့ပြီး လွန်ခဲ့တဲ့နှစ် အလားတူသုံးလပတ်မှာ အမြတ်ငွေ ယန်း ၁၉၀.၇ ဘီလျံနဲ့ ပြောင်းပြန်ဖြစ်သွားခဲ့တာပါ။ သုံးလပတ်ရောင်းအားက ယန်း ၃.၁ ထရီလျံကနေ ယန်း ၂.၉ ထရီလျံ သို့ ကျဆင်းသွားခဲ့ပါတယ်။

Nissan ကားမော်ဒယ်တွေက ကမ္ဘာ့အမြတ်အစွန်းအရှိဆုံး မော်တော်ကားစျေးကွက်တွေထဲက တစ်ခုဖြစ်တဲ့ အမေရိကန်မှာ ကောင်းကောင်းရောင်းမချနိုင်ခဲ့ပါဘူး။ Nissanက သူတို့ရဲ့လုပ်ငန်းဆောင်ရွက်မှုနဲ့ အစီအစဉ်တွေရဲ့ကဏ္ဍအားလုံးကို ပြန်လည်သုံးသပ်သွားမှာဖြစ်ပါတယ်။

Ref: Japanese automaker Nissan cuts 9,000 jobs as its vehicles fail to sell

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top