အိန္ဒိယမှာ ၄ ထပ်တိုက် ပြိုကျလို့ အနည်းဆုံး လူ ၁၉ ယောက် သေဆုံး

30-6-2022-yyl07.jpg

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ ၄ ထပ် လူနေအဆောက်အအုံတစ်လုံး ပြိုကျခဲ့လို့ အနည်းဆုံး လူ ၁၉ ယောက် သေဆုံးခဲ့ပြီး အပျက်အစီးတွေကြား ပိတ်မိနေသူတွေရှိနေနိုင်တယ်လို့ အိန္ဒိယ အရာရှိတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ ညဉ့်သန်းခေါင်ယံအချိန်က မွမ်ဘိုင်းမြို့လယ်မှာရှိတဲ့ လူထူထပ်တဲ့နေရာက အဆောက်အအုံ ပြိုကျခဲ့တာပါ။ ကယ်ဆယ်ရေးလုပ်သားတွေက အင်္ဂါနေ့ ညပိုင်းအထိ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပေမဲ့ မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့လို့ နှောင့်နှေးကြန့်ကြာ ခဲ့ပါတယ်။

” လွန်ခဲ့တဲ့ ၅ နှစ်၊ ၆ နှစ်ကတည်းက ဒီအဆောက်အအုံကနေ ရွှေ့ပြောင်းနေထိုင်ကြဖို့ ပြောထားတာပါ။ နှစ်စဉ်နှစ်တိုင်း သူတို့ဆီကို သတိပေးစာ ပို့ပေမဲ့ ဘယ်သူမှ မရွေ့ကြဘူး” လို့ ပြိုကျခဲ့တဲ့ အဆောက်အအုံဘေးမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

Ref: Mumbai building collapse kills at least 19 with more feared trapped

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top