ဇာတ်လမ်းတွဲအသစ်မှာ ကိုယ်အလေးချိန် ၁၈ ကီလိုဂရမ်တက်ဖို့ ရပ်ကွက်ထဲက ဘာဂါဆိုင်တွေမှာ သွားစားခဲ့ရတယ်ဆိုတဲ့ မင်းသားဂျိုဝူဂျင်

31.10.2024-yyl-5.jpg

တောင်ကိုရီးယားမင်းသား ဂျိုဝူဂျင်ကို သူ့ရဲ့ဇာတ်လမ်းတွဲအသစ် Gangnam B-Side မှာ ခါတိုင်းမြင်နေကျပုံစံနဲ့မတူဘဲ လုံးဝကွာခြားသွားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ သူဟာ ဒီဇာတ်လမ်းတွဲမှာ သူ့ရဲ့ဇာတ်ကောင်အတွက် ကိုယ်အလေးချိန် ၁၈ ကီလိုဂရမ်တက်လာအောင်လုပ်ဆောင်ခဲ့ရတာပါ။

သူဟာ အစားတွေအများကြီးစားပြီး ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်ခဲ့ရတယ်။ ကိုယ်အလေးချိန်တက်ဖို့ သူ့ရပ်ကွက်ထဲက ဘာဂါဆိုင်တွေအားလုံးမှာ သွားစမ်းစားကြည့်ခဲ့တယ်။ ဒါဟာ သူ့အတွက် ပထမဆုံးပါပဲတဲ့။

Gangnam B-Side ဇာတ်လမ်းတွဲမှာ ဝူဂျင်က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေရဲ့အမှားတွေကို ဖော်ထုတ်ခြင်းအတွက် ရာထူးမှလျှော့ချခံခဲ့ရပေမဲ့ ဆိုးလ်မြို့ရဲ့ ဂန်နမ်ရပ်ကွက်မှာ ပျောက်ဆုံးမှုတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ အမှုကို ဖြေရှင်းဖို့ အလုပ်ပြန်ဝင်ခဲ့တဲ့ စုံထောက် ကန်ဒုန်ဝူအဖြစ် သရုပ်ဆောင်ထားပါတယ်။

ထိပ်တန်းမင်းသား ဂျီချန်ဝုကလည်း ဒီဇာတ်လမ်းတွဲမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လူဆိုး ယွန်ဂီလ်ဟိုအဖြစ် သရုပ်ဆောင်ထားပါတယ်။ Gangnam B-Side ဇာတ်လမ်းတွဲကို Disney+ မှာ နိုဝင်ဘာ ၆ ရက်နေ့ ပြသသွားမှာဖြစ်ပါတယ်။

Ref: Jo Woo-jin tried ‘all the burger restaurants in the neighbourhood’ to gain 18kg for new K-drama Gangnam B-Side

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top