တံတားပေါ်က ခုန်ချပြီး အဆုံးစီရင်မယ့် အမျိုးသမီးကို ဘွန်ဂျိုဗီ တားဆီး

13.9.2024-yyl-1.jpg

တံတားပေါ်က ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မယ့် အမျိုးသမီးတစ်ဦးကို ကမ္ဘာကျော် ရော့ခ်အဆိုတော် ဘွန်ဂျိုဗီက တားဆီးနိုင်ခဲ့ပါတယ်။ ဘွန်ဂျိုဗီဟာ ရိုက်ကူးရေးအစီအစဉ်ကြောင့် နက်ရှ်ဗီးလ်မြို့ကို ရောက်ရှိနေတုန်း စက်တင်ဘာလ ၁၀ ရက်နေ့ ညနေ ၆ နာရီအချိန်က ဂျွန်ဆိုင်ဂန်သလာတံတားပေါ်ကနေ ကမ်ဘာလန်းမြစ်ထဲ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မယ့် အမျိုးသမီးတစ်ဦးကို မြင်တွေ့ခဲ့တာပါ။

အမျိုးသမီးက ခုန်ချလုဆဲဆဲဖြစ်နေချိန်မှာ ဘွန်ဂျိုဗီက သွားရောက်ဖျောင်းဖျပြီး အမျိုးသမီးကို တံတားလက်တန်းပေါ် ပြန်ဆွဲခေါ်ပေးခဲ့ပါတယ်။ စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေမှာ ဘွန်ဂျိုဗီ ဖျောင်းဖျနေတဲ့ပုံရိပ်ကို မှတ်တမ်းတင် ရိုက်ကူးထားနိုင်ခဲ့ပြီး ဘွန်ဂျိုဗီက အမျိုးသမီးကို ပွေ့ဖက်နှစ်သိမ့်ပေးနေတာ တွေ့ရပါတယ်။

Ref: Jon Bon Jovi Saves Woman From Jumping Off Nashville Bridge
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top