လက်ထပ်တော့မယ်ဆိုတဲ့ ကောလဟာလသတင်းကို ငြင်းဆိုလိုက်တဲ့ CNBLUE အဖွဲ့ဝင် ဂျန်ယောင်ဟွာ

nega.jpg

တောင်ကိုရီးယားရော့ခ်ဂီတအဖွဲ့ CNBLUE ရဲ့ခေါင်းဆောင်အဆိုတော်မင်းသား ဂျန်ယောင်ဟွာရဲ့လက်ထပ်မယ့်သတင်းဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လို့နေခဲ့တာပါ။ ဒီသတင်းနဲ့ပတ်သက်ပြီး ဂျန်ယောင်ဟွာကိုယ်တိုင်က ငြင်းဆိုလိုက်ပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့က ဂျန်ယောင်ဟွာက သူ့ရဲ့လူမှုကွန်ယက်အကောင့်ကနေ Live လွှင့်ပြီးတော့ “နောက်နှစ်အတွက် ကျွန်တော့်ရဲ့အချိန်ဇယားက ပြည့်နေပါပြီ။ အဲ့ဒါကြောင့်မို့ မင်္ဂလာပွဲအတွက် အချိန်ဇယားမရှိပါဘူး။ လက်ထပ်တာက အချိန်ဇယားမှာ မပါပါဘူး။ ကျေးဇူးပြုပြီး မမေးပါနဲ့တော့”လို့ ပြောသွားခဲ့တာပါ။

“နောက်နှစ်ကျ ဂျန်ယောင်ဟွာ လက်ထပ်တော့မယ်ဆိုတာကို အပေါင်းအသင်းတစ်ယောက်ဆီက ငါ ကြားခဲ့တယ်”ဆိုတဲ့ ပို့စ်တွေက လူမှုကွန်ယက်အသိုင်းအဝိုင်းမှာ ပျံ့နှံ့သွားခဲ့တာပါ။ အဲ့ဒီပို့စ်တွေကို တုံ့ပြန်တဲ့အနေနဲ့ ဂျန်ယောင်ဟွာက တိုက်ရိုက်ငြင်းဆိုလိုက်တာဖြစ်ပါတယ်။

ဂျန်ယောင်ဟွာက Mnet ရုပ်သံလိုင်းရဲ့ Survival Show “Still Heart Club” မှာ ဒါရိုက်တာတစ်ယောက်အဖြစ် ပါဝင်ဖို့ ရှိပါတယ်။ ဒီရှိုးကို အောက်တိုဘာ ၂၁ ရက်နေ့မှာ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

Ref: Jung Yong‑hwa denies marriage rumors, says schedule full for next year

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top