စာအုပ်ရေးသားထုတ်ဝေနိုင်တဲ့ အသက်အငယ်ဆုံးပုဂ္ဂိုလ် (အမျိုးသား) အဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ ၄ နှစ်သားလေး

3.4.2023-yyl-iamge-1.jpg

ယူအေအီးက အသက် ၄ နှစ်အရွယ် ကလေးလေးဟာ စာအုပ်ရေးသားထုတ်ဝေနိုင်တဲ့ အသက်အငယ်ဆုံးပုဂ္ဂိုလ် (အမျိုးသား) အဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးခဲ့ပါတယ်။ ကမ္ဘာ့အသက်ငယ်ဆုံးစာရေးဆရာ ဆာအီဒ် ရက်ချ်ဒ် အယ်မီရီ က အသက် ၄ နှစ်နဲ့ ၂၁၈ ရက်မှာ ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးခဲ့တာပါ။

သူ့ရဲ့ကလေးစာအုပ် “The Elephant Saeed and the Bear” အုပ်ရေ ၁၀၀၀ ကျော်ရောင်းချနိုင်ခဲ့ပြီးတဲ့နောက် မတ်လ ၉ ရက်နေ့က တရားဝင်အသိအမှတ်ပြုခံခဲ့ရတာပါ။ ဒီစာအုပ်က တိရစ္ဆာန်နှစ်ကောင်ကြား ကြင်နာတရားနဲ့မမျှော်လင့်ဘဲဖြစ်တည်လာခဲ့တဲ့သူငယ်ချင်းဆက်ဆံရေးအကြောင်းဇာတ်လမ်းတစ်ပုဒ်ပါ။

သူ့မိသားစုမှာ ဆာအီဒ်တစ်ယောက်တည်း ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ထားတာမဟုတ်ပါဘူး။ သူ့အစ်မဖြစ်သူ အသက် ၈ နှစ်အရွယ် အယ်ဒါဘီကလည်း ဘာသာစကားနှစ်မျိုးနဲ့စာအုပ်တွေကို ရေးသားထုတ်ဝေနိုင်တဲ့ အသက်ငယ်ဆုံးပုဂ္ဂိုလ် (အမျိုးသမီး) အဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခဲ့တာပါ။ ဆာအီဒ်ကို စာအုပ်ရေးသားထုတ်ဝေဖို့အတွက် အယ်ဒါဘီက လှုံ့ဆော်ခဲ့တဲ့အပြင် သူ့ရဲ့အကြီးမားဆုံးပံ့ပိုးပေးသူနဲ့ လမ်းညွှန်ပြသပေးသူလည်းဖြစ်ခဲ့တာပါ။

Ref: Guinness World Record Set By 4-year-old Boy For Publishing A Book

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top