ကမ္ဘာပေါ်မှာ အလင်းရောင်ထွက်တဲ့ အကြီးမားဆုံး ကျောရိုးရှိသတ္တဝါကတော့ စွန်ဆူးတောင်ငါးမန်း(kitefin shark)ပါပဲ။ အဆီတွေပြည့်နေပြီး အရွယ်အစား ကြီးမားတဲ့ အသည်းကြောင့် သဘာဝအတိုင်း ရေပေါ်ပေါ်နိုင်စွမ်းရှိပြီး စွမ်းအင် အနည်းငယ်သုံးရုံနဲ့ ရေထဲမှာ ကူးခတ်နိုင်စွမ်း ရှိပါတယ်။
ရေအောက်အနက် ပေ ၆၆၀ ကနေ ပေ ၁၉၇၀ ကြားမှာ စွန်ဆူးတောင်ငါးမန်းကို တွေ့ရလေ့ရှိပြီး အလျား ၆ ပေ အရွယ်အစားအထိ ကြီးထွားလာနိုင်ပါတယ်။ photophores လို့ခေါ်တဲ့ အလင်းထုတ်လုပ်တဲ့ အစိတ်အပိုင်းကြောင့် အမှောင်ထဲရောက်ရင် လင်းနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်အရောင်နဲ့ လိုက်လျောညီထွေဖြစ်အောင် အရောင်ထုတ်လုပ်နိုင်စွမ်းရှိတာကြောင့်လည်း သားကောင်တွေကို ဖမ်းယူရာမှာ အထောက်အပံ့ ဖြစ်စေပါတယ်။
Ref: Kitefin shark
NZ ( ရိုးရာလေး)

