ဒုတိယအကြိမ်ထပ်ပြီး ထီပေါက်ခဲ့သူ

13.3.2023-yyl-iamge-4.jpg

ဝီလျံ ဒန်နီရယ်လ် ဂျုနီယာဆိုသူ အမျိုးသားဟာ ပြီးခဲ့တဲ့အပတ်က ဒေါ်လာ ၅၀၀၀၀ ထီဆုကြီးပေါက်ခဲ့ပါတယ်။ ဒါက ဒုတိယအကြိမ်ထီပေါက်တာပါ။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလတုန်းကလည်း ဒေါ်လာ ၁၀၀၀၀၀ ထီဆုကြီးပေါက်ခဲ့ဖူပါတယ်။ သူ့ရဲ့ဆံပင်ရှည်တွေက အခုလိုထီပေါက်အောင် ကံကောင်းမှုတွေယူဆောင်ပေးတဲ့အရာဖြစ်တယ်လို့ မှတ်ယူထားပါတယ်။

ပထမတစ်ခေါက် ထီပေါက်တုန်းကလည်း သူ ဆံပင်ရှည်နဲ့ဖြစ်ပြီး သူ့ဆံပင်ပြန်ရှည်မလာမချင်း ထီထပ်မပေါက်ခဲ့ဘူးလို့ ဝီလျံက ဆိုပါတယ်။ သူ ထီပေါက်တော့ မယုံကြည်နိုင်လွန်းလို့ မှားကြည့်မိတာလားဆိုပြီး သေချာပြန်ကြည့်ခဲ့ရပါသေးတယ်။ ၂၀၁၅ ခုနှစ်က ထီပေါက်ခဲ့တဲ့အချိန်က ဝီလျံဟာ အိမ်တစ်လုံး ဝယ်ယူခဲ့တာပါ။ အခုတစ်ခေါက်ပေါက်တဲ့ထီဆုကြေးတွေကိုတော့ သူ့ရဲ့မင်္ဂလာပွဲအတွက် အသုံးပြုသွားမယ်လို့ သိရပါတယ်။

လေယာဉ်အစိတ်အပိုင်းတပ်ဆင်ရေးဝန်ထမ်းဖြစ်တဲ့ ဒန်နီရယ်စ်က နော်တင်ဟမ်မြို့က 7-Eleven ဆိုင်ကနေ Gold X50 ခဲခြစ်ထီလက်မှတ်ကို ဝယ်ယူခဲ့တာပါ။ သူက ခဲခြစ်ထီတွေကို ထပ်ပြီး ကံစမ်းသွားဦးမယ်လို့ ဆိုပါတယ်။

Ref: Two-Time Lottery Winner Credits His Long Hair for His Good Luck: ‘I’m Going to Stick with’ It

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top