0.6x Ultra Wide Angle ပါရှိတဲ့ 50MP Selfie Camera နဲ့အတူ ခေတ်မီတဲ့ လူငယ်ဆန်ဆန် Group Selfie အတွေ့အကြုံကို ပိုပြီးခံစားရရှိနိုင်မဲ့ OPPO Reno15 Series 5G

oppo.webp

‌ခေတ်မီတိုးတက်လာတာနဲ့အမျှ ကင်မရာနည်းပညာတွေကို ပိုပြီး တိုးတက် ကောင်းမွန်အောင်လုပ်လာကြပေမဲ့ သုံးစွဲသူတွေ အလိုရှိပြီး ပိုအသုံးများတဲ့ Selfie Camera တွေမှာတော့ Resolution နည်းပါးကာ မကြည်လင်ခြင်း ၊ ဖန်တီးမှုဆိုင်ရာ အကန့်အသတ်ရှိတဲ့ နည်းပညာကန့်သတ်ချက်တွေ အစရှိတဲ့ အားနည်းချက်တချို့ကိုတော့ ယနေ့ခေတ်အထိ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ စမတ်ဖုန်းသုံးစွဲသူတွေအနေနဲ့လဲ ပိုမိုတိုးတက်ကောင်းမွန်လာတဲ့ Selfie Photography နဲ့အတူ ပိုပြီးကြည်လင်ပြတ်သားတဲ့ ပုံရိပ်၊ ပိုပြီး ကန့်သတ်ချက် ကင်းလွတ်တဲ့ နည်းပညာပိုင်းတွေကို တောင်းဆိုလျက်ရှိကြပါတယ်။

ဒါကြောင့် ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ် OPPO က Selfie Photography အတွေ့အကြုံကို သုံးစွဲသူတွေရဲ့ လိုအပ်ချက်နဲ့အညီ တစ်ယောက်တည်းဖြစ်ဖြစ် သို့မဟုတ် အဖွဲ့လိုက်ဖြစ်ဖြစ်၊ ဘယ်လိုနေရာမျိုး၊ ဘယ်လို အခြေအနေမျိုးအတွက်ပဲ ဖြစ်ပါစေ အကောင်းဆုံးနဲ့ အကျယ်ဆုံးမြင်ကွင်းဖြင့် ပုံဖော်ရိုက်ကူးနိုင်မဲ့ 0.6x Ultra Wide Angle ပါရှိတဲ့ 50MP Selfie Camera ကို OPPO Reno15 Series မှာ ထည့်သွင်းပြသခဲ့ပြီးဖြစ်ပါတယ်။


ColorOS 16 ရဲ့ AI Imaging စွမ်းဆောင်ချက်များဖြင့် Social Media Content တွေကို လွယ်ကူစွာ ဖန်တီးနိုင်စေမဲ့ OPPO Reno15 Series 5G

OPPO Reno15 Series 5G မှာပါရှိလာတဲ့ 50MP Selfie Camera ကြောင့် သုံးစွဲသူတွေအနေနဲ့ ၎င်းတို့ရဲ့ ပုံရိပ်တွေမှာ အသေးစိတ်အထိ ပိုမိုရှင်းလင်းပြတ်သားကြည်လင်ပြီး မျက်နှာအသွင်အပြင်ကိုပါ သဘာဝအကျဆုံးလှပနေတဲ့ ရလဒ်ရရှိနိုင်စေမှာဖြစ်ပါတယ်။

ယနေ့ခေတ်မှာ Social Media၊ Live Streaming နဲ့ Content Creation အတွက် အသုံးပြုမှုတွေ ပိုမိုများပြားလာတာနဲ့အမျှ Selfie Camera ရဲ့ အရေးပါမှုကလဲ ပိုမိုမြင့်မားလာပြီဖြစ်ပါတယ်။ OPPO Reno15 Series 5G မှာဆိုရင် သုံးစွဲသူတွေရဲ့ လိုအပ်ချက်တိုင်းကို တိတိကျကျ ဖြည့်ဆည်းပေးနိုင်ဖို့အတွက် Flagship-Level Photography နည်းပညာတွေကို ထည့်သွင်းပေးထားရုံသာမက Selfie Photography နဲ့ ပတ်သက်ရင်လဲ ပိုမိုခေတ်မီတဲ့ နည်းပညာတွေကို ထည့်သွင်းပေးလာပြီဖြစ်ပါတယ်။ OPPO Reno15 Series 5G ဟာ ရှေ့ဘက် ကင်မရာ ရဲ့ Hardware အဆင့်ကို မြှင့်တင်ထားရုံသာမက Flagship အဆင့် ဓာတ်ပုံနည်းပညာများကိုလဲ ထပ်မံ ပေါင်းစပ်ထည့်သွင်းထားပြီ ဖြစ်ပါတယ်။ ColorOS 16 နဲ့ ပေါင်းစပ်အသုံးပြုတဲ့အခါ Selfie ရိုက်ကူးမှုအတွက် အထူးဖန်တီးထားတဲ့ ဆန်းသစ်တီထွင်မှုများစွာကို မိတ်ဆက်ပေးထားတာကြောင့် သုံးစွဲသူတွေရဲ့ လိုအပ်ချက်များစွာကိုလဲ ပြည့်မီစေမှာ ဖြစ်ပါတယ်။

OPPO Reno15 Series 5G မှာ 100° Ultra Wide View နဲ့ 0.6x Ultra Wide ရိုက်ကူးနိုင်တဲ့ 50MP Ultra Wide Selfie Camera ကို တပ်ဆင်ထားတာဖြစ်ပါတယ်။ ဒီလို Hardware အဆင့်မြှင့်တင်မှုကြောင့် Selfie ရိုက်ရာတွင် မျက်နှာပိုကြီးပုံပေါ်ခြင်း၊ လူအများကို Frame ထဲတွင် ထည့်ရိုက်ရန် ခက်ခဲခြင်း ၊ ရှုခင်းများပါ ပါဝင်အောင် တစ်ခါတည်း မဖမ်းယူနိုင်ခြင်း အစရှိတဲ့ ရှေ့ဘက်ကင်မရာ အသုံးပြုသူများ ကြာရှည်စွာ ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ပိုမိုရှင်းလင်းပြတ်သားပြီး မျက်စိပသာဒဖြစ်စေနိုင်တဲ့ Front Imaging အတွေ့အကြုံကို ရရှိစေရုံတင်သာမက ပိုပြီးပြီးပြည့်စုံတဲ့ ဓာတ်ပုံတွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ သူငယ်ချင်းတွေအားလုံးကို အလွယ်တကူ Camera Frame ထဲ ထည့်သွင်းနိုင်သလို ပတ်ဝန်းကျင်နဲ့ တည်နေရာအသေးစိတ်တွေကိုပါ ရှင်းလင်းစွာ ဖော်ပြနိုင်တာကြောင့် ပိုမိုပြည့်စုံပြီး ကြွရွလှပတဲ့ ရလဒ်ကောင်းတွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။


တစ်ချိန်တည်းမှာပင် 0.6x Ultra Wide Angle Camera က selfie ပုံတွေတိုင်း ထပ်တူကျပြီး ရိုးစင်းလွန်းနေတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ရုံသာမက ဖန်တီးသူက ခေတ်မီရင် မီသလို ပိုပြီး ခေတ်မီဖက်ရှင်ကျတဲ့ အရသာကို ပေါ်လွင်စေမဲ့ ပုံရိပ်တွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

100° Field of View နဲ့အတူ 0.6x Ultra Wide Angle အထိ ရိုက်ယူလို့ရတဲ့ OPPO Reno15 Series 5G ရဲ့ 50MP Ultra Wide Selfie Camera က လူငယ်တွေကြား ရေပန်းစားနေတဲ့ Group Selfie ရိုက်ကူးရာမှာ ပိုမိုကျယ်ပြန့်တဲ့ အမြင်နဲ့အတူ သူငယ်ချင်းတစ်ဦးတစ်ယောက်မှ မကျန်ခဲ့ရုံသာမက မိမိတို့ရောက်ရှိနေတဲ့ တည်နေရာကိုပါ ပါရှိနိုင်လောက်တဲ့အထိ မြင်ကွင်းကျယ်မျိုးကို ခံစားရရှိစေနိုင်မှာဖြစ်ပါတယ်။ မိတ်ဆွေတွေအများစုပါရှိတဲ့ တွေ့ဆုံပွဲတွေ၊ အဖွဲ့လိုက် ခရီးသွားအမှတ်တရတွေ၊ Party Moments တွေ အားလုံးကို အလွယ်တကူ၊ သဘာဝကျကျ ရိုက်ကူးနိုင်ပြီး Frame အကျယ်ကြောင့် နောက်ခံပတ်ဝန်းကျင်ကိုပါ ပိုမိုလှပစွာ ဖော်ပြနိုင်ဦးမှာကလဲ OPPO Reno15 Series 5G ရဲ့ အားသာချက်လို့ဆိုရမှာဖြစ်ပါတယ်။

OPPO Reno15 Series 5G မှာ 50MP High-Resolution Selfie Camera ကို အသုံးပြုထားတဲ့အတွက်ကြောင့်လဲ ပုံရိပ်တွေမှာ အသေးစိတ်ကျကျနဲ့ ပြတ်သားမှုကို မြင်ရမှာဖြစ်သလို မျက်နှာအသွင်အပြင်ကိုလဲ သဘာဝကျတဲ့ ပုံရိပ်အဖြစ် ဖမ်းယူနိုင်မှာဖြစ်ပါတယ်။

OPPO ရဲ့ Reno Portrait Engine နဲ့ Skin Tone Improvement Algorithm တို့ရဲ့ ဟန်ချက်ညီမှုနဲ့ကြောင့်လဲ မျက်နှာအလှကို အလွန်အကျွံ ပြုပြင်ထားသလို မဖြစ်စေဘဲ သဘာဝအလှကို ထိန်းသိမ်းထားနိုင်ပြီး Social Media အတွက် အသင့်တော်ဆုံး Selfie တွေကို ဖန်တီးနိုင်ရုံသာမက Wide Angle နဲ့ High-Resolution Selfie Camera တို့ကို ပေါင်းစပ်ထားတဲ့ OPPO Reno15 Series 5G မှာဆိုရင် လက်တစ်ဖက်တည်းနဲ့ အလွယ်တကူ ရိုက်ကူးနိုင်တာကြောင့် Vlog ရိုက်ကူးတာ၊ Live Streaming ပြုလုပ်တာနဲ့ Social Media Content ဖန်တီးတာတွေအတွက် အထူးသင့်လျော်မှာဖြစ်ပါတယ်။

ဒါတင်သာမက OPPO Reno15 Series 5G မှာ အသစ်ပါရှိလာတဲ့ AI Flash Photography 2.0 နည်းပညာကြောင့် Selfie Camera တွေအတွက် Front Screen Flash ပါဝင်လာတာဖြစ်လို့ အဆိုပါ နည်းပညာဟာဆိုရင် အလင်းအား မလုံလောက်တဲ့နေရာတွေမှာတောင် ကြည်လင်တောက်ပတဲ့ selfie ပုံရိပ်တွေကို ပုံဖော်နိုင်အောင် ဖန်တီးပေးနိုင်မှာဖြစ်သလို မိမိရဲ့ အသားအရေ အရောင်နဲ့ လိုက်နိုင်တဲ့ Selfie ဖြစ်အောင် ဖန်တီးနိုင်မှာဖြစ်ပါတယ်။

Rear Main Camera၊ Wide-Angle Camera၊ Telephoto Camera နဲ့ Front Camera တို့အားလုံးတို့မှာ 4K HDR Video Recording ကို ပံ့ပိုးပေးထားတဲ့အပြင် ကင်မရာတွေအကြား ချောမွေ့စွာ ပြောင်းလဲရိုက်ကူးနိုင်ခြင်းကြောင့် ရှင်းလင်းပြတ်သားတဲ့ Video တွေကိုပါ ဖန်တီးနိုင်ဦးမှာ ဖြစ်ပါတယ်။ ဒါတင်သာမက ပိုမို‌တောက်ပတဲ့ Brightness Range ကို ပြသနိုင်တဲ့အတွက် အလင်းနည်းတဲ့နေရာတွေမှာ အလင်းအားကောင်းပြီး တောက်ပတဲ့ နေရာတွေအထိကို အသေးစိတ်အချက်အလက်တွေ ပေါ်လွင်အောင် တိကျစွာ ဖော်ပြနိုင်ပါမှာဖြစ်ပါတယ်။ ဒါအပြင် အရောင်ပြောင်းလဲမှုတွေကို ပိုမိုသဘာဝကျစွာ ပြသနိုင်ခြင်းကြောင့် လူ့မျက်စိနဲ့ အပြင်မှာ မြင်တွေ့နေရသလိုမျိုး သဘာဝနဲ့ နီးစပ်တဲ့ ဗီဒီယို အတွေ့အကြုံတွေကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဒီလိုအချက်တွေကြောင့် အသုံးပြုသူတွေအနေနဲ့ ဘဝအခိုက်အတန့်တွေကို ပိုမိုမြင်သာအောင် ဖမ်းယူနိုင်ပြီး စိတ်ဝင်စားစရာ‌ကောင်းတဲ့ အမှတ်တရတွေကိုလဲ အလွယ်တကူ မျှဝေနိုင်မှာဖြစ်ပါတယ်။

လူငယ်ဆန်ပြီး ခေတ်မီတိုးတက်လာတဲ့ 0.6x Ultra Wide Angle Lens နဲ့ 50MP Ultra Wide Selfie Camera ပါရှိတဲ့ OPPO Reno15 Series 5G နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက OPPO Myanmar Official Facebook Page – http://bit.ly/45Q2UQz ၊ Website – http://bit.ly/4nwInXy ၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram –https://bit.ly/3xRjQr6 တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။

#OPPOReno15Series5G #OPPOMyanmar

NZ (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top