OPPO, Ericsson နှင့် MediaTek တို့ ပူးပေါင်းပြီး 5G Phone အသုံးပြုမှုများရရှိလာရန် VoNR Voice Call နှင့် Video Calls များဖြင့် လက်တွေ့စမ်းသပ်

OPPO-5G-Test-Photo-1.png

OPPO က Next-Generation 5G Network ကို အခြေခံတဲ့ ဖုန်းခေါ်ဆိုမှုနှင့် ဗီဒီယိုခေါ်ဆိုမှုများကို အောင်မြင်စွာ ထုတ်လုပ်စမ်းသပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဧပြီလ ၈ ရက်တွင် ကြေညာခဲ့ပါတယ်။ အဲဒီစမ်းသပ်ချက် အောင်မြင်မှုက အရည်အသွေးမြင့် 5G လုပ်ဆောင်မှုများကို အကောင်အထည်ဖော်နိုင်ရန် ပိုမိုနီးစပ်လာစေမှာဖြစ်ပါတယ်။

Ericsson Radio System ထုတ်ကုန်များနှင့် နည်းပညာများဖြင့် အားဖြည့်ထားတဲ့ End-to-End 5G Standalone (SA) Network ကို အသုံးပြုထားတဲ့ MediaTekရဲ့ Dimensity 1000 series SoC ပါဝင်တဲ့ OPPOရဲ့ အဆင့်မြင့် Commercial Smartphone များတွင် Ericsson နှင့် MediaTek တို့ ပူးပေါင်း ထုတ်လုပ်ထားတဲ့ VoNR (Voice/Video on New Radio) Call များကို ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။

VoNR က 5G network (SA Architecture) တွင်သာ လုပ်ဆောင်နိုင်တဲ့ အခြေခံ Call Service တစ်ခုပင် ဖြစ်ပါတယ်။ အခု Call Service များနှင့် နှိုင်းယှဉ်ကြည့်လျှင် VoNRက Latency (Call ပြောဆို နှောင့်နှေး ကြန့်ကြာစေခြင်း) ကို သိသိသာသာ လျှော့ချပေးပြီး၊ အသံနှင့် ရုပ်ထွက် အရည်အသွေးကိုလည်း ပိုမို ကောင်းမွန်စေသောကြောင့် သုံးစွဲသူများထံ အရင်ကထက် ပိုမိုအဆင့်မြင့်ပြီး အဆင်ပြေချောမွေ့သော လုပ်ဆောင်မှုများကို ပေးနိုင်မှာဖြစ်ပါတယ်။

SA Architecture က အနာဂတ် 5G Networks များအတွက် အဓိကကျသော Architectures များအနက် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကမ္ဘာအနှံ့မှ Operator များရဲ့5G SA networks များ အသုံးပြုနိုင်ရန် အခြေခံများကို ဆောင်ရွက်လျက်ရှိရာ OPPO က သုံးစွဲသူများကို ပိုမို ပြည့်စုံတဲ့ 5G Experience ကို ပေးစွမ်းနိုင်ရန်အတွက် SA Architectureရဲ့ အကူအညီနှင့်အတူ VoNR Calls များ စတင်ခေါ်ဆိုအသုံးပြုနိုင်စေရန် ရည်ရွယ်ပါတယ်။ OPPO က အနာဂတ်ရဲ့ ဆက်သွယ်မှု နည်းပညာပိုင်းတွင် Smartphone ထုတ်လုပ်သူများရဲ့ စွမ်းဆောင်ရည် မြင့်မားမှု ပိုမိုလိုအပ်လာသည် နှင့်အမျှ ကမ္ဘာအနှံ့ 5G Networks များ အသုံးပြုနိုင်စေရန် လုပ်ဆောင်နေကြသော ဆက်သွယ်မှုဆိုင်ရာ စက်ပစ္စည်း ကိရိယာများ ထောက်ပံ့သူများနှင့် Operator များရဲ့ ဦးစားပေး ရွေးချယ်သော မိုဘိုလ်းဖုန်း ပါတနာအဖြစ် ပိုမို ခိုင်မြဲစေရန် ဆောင်ရွက်လျက်ရှိပါတယ်။

အဲဒီပူးပေါင်းဆောင်ရွက် စစ်ဆေးခြင်းကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ရှိ Ericsson ရုံးချုပ်မှ ထောက်ပံ့သော 5G SA Network Environmentရဲ့ ကြီးကြပ်မှု အောက်တွင် စစ်ဆေးအောင်မြင်ခဲ့ခြင်းဖြစ်ပါတယ်။ ဖုန်းစမ်းသပ် ခေါ်ဆိုရာတွင် စမ်းသပ်ခေါ်ဆိုတဲ့ ဖုန်း ၂ လုံးမှာ ချက်ချင်းဆိုသလို ဆက်သွယ်မှု ရရှိခဲ့ပြီး ခလုတ် တစ်ချက်နှိပ်ရုံဖြင့် ကြည်လင်ပြတ်သားသော အဆင့်မြင့် High-Definition Video Call သို့ ပြောင်းလဲနိုင်ခဲ့ပါတယ်။

OPPO က 5G နည်းပညာများ တီထွင်ထုတ်လုပ်မှုနှင့် သုံးစွဲနိုင်ရန် အကောင်အထည်ဖော်မှုတို့တွင် နိုင်ငံတကာတွင် ရှေ့တန်းမှ ဦးဆောင်လျက်ရှိပါတယ်။ ၂၀၁၉ ခုနှစ်တွင် Dynamic Spectrum Sharing (DSS) Technology ကို အသုံးပြုထားသော ကမ္ဘာ့ပထမဦးဆုံး Video Data Call ကို စတင် အကောင်အထည် ဖော်ရာတွင် ပူးပေါင်းပါဝင်ခဲ့ပါတယ်။ OPPO က ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် Global Patent Families ၂၉၀၀ ကျော် အတွက် မူပိုင်ခွင့် လျှောက်လွှာများ ပိုင်ဆိုင်ထားပြီး European Telecommunications Standards Institute (ETSI )တွင် 5G Standard Essential Patents Families ၁၀၀၀ ကျော်ကို ကြေညာခဲ့ပါတယ်။ ဒါ့အပြင် OPPO က နိုင်ငံတကာ စံချိန်စံနှုန်းများ အဖွဲ့အစည်းကို အဓိက ပံ့ပိုးသူများအနက် တစ်ဦးဖြစ်တဲ့ 3GPP သို့ 5G စံချိန်စံနှုန်းနှင့် ပတ်သက်သော အချက်အလက် စာတမ်းပေါင်း ၃၀၀၀ ကျော် တင်သွင်းထားပြီးဖြစ်ပါတယ်။

အခုအခါမှာ OPPO က ကမ္ဘာအနှံ့အပြားမှာ R&D ဝန်ထမ်း ၁၀,၀၀၀ ကျော်၊ Research Centers ၄ ခု နှင့် Research Institutes ၆ ခု တို့ကို တည်ထောင်ထားပါတယ်။ OPPOရဲ့ R&D အတွက် အဆုံးမရှိတဲ့ ကြိုးစားမှုများနှင့် အခြားဈေးကွက်ဆိုင်ရာ ပူးပေါင်းမှုများမှ တစ်ဆင့် ဆန်းသစ်သော နည်းပညာများနှင့် အနာဂတ်က ကမ္ဘာ့နိုင်ငံ အနှံ့အပြားမှ သုံးစွဲသူများအတွက် လက်တွေ့နှင့် ပိုမို နီးစပ်လာပြီ ဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top