VISA ရဲ့ကမ္ဘာလုံးဆိုင်ရာအစီအစဉ်မှာ အာရှပစိဖိတ်ဒေသရှိ အသေးစား စီးပွားရေးလုပ်ငန်း ၁၀ သန်းပါဝင်

Visa-SME-Commitment-Releaes-Photo.png

Visa (NYSE: V) က COVID-19 ဖြစ်ပွားမှု နောက်ပိုင်းတွင် ဒေသခံပြည်သူများကို စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရန်အတွက် အာရှပစိဖိတ်ဒေသတစ်လျှောက်ရှိ အသေးစားစီးပွားရေး လုပ်ငန်း ၁၀ သန်းကို ထောက်ပံ့ရန် ကတိကဝတ်ကို ဇွန်လ ၂၅ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။ Visa က အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) ကို Online နှင့် In-store နှစ်ခုစလုံးတွင် ငွေသားကိုင်တွယ် အသုံးပြုရန် မလိုသော ငွေပေးချေမှု လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်၊ ငွေပေးချေမှုကို ဒီဂျစ်တယ်ဖြင့် လက်ခံခြင်းဖြင့် ထိရောက်မှုနှင့် ရောင်းအားကို ကူညီရန် အစီအစဉ်များနှင့် ဖြေရှင်းနည်းများကို မိတ်ဆက်ပေးနေပါတယ်။ Visa က လူမျိုးရေးနှင့် ကျား၊ မ အခွင့်အလမ်း ကွာဟချက်ကို ဖယ်ရှားရန်နှင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ရင်ဆိုင်နေရသော ကပ်ရောဂါ စိန်ခေါ်မှုများအပါအဝင် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များအတွက် အဓိကထား ဆောင်ရွက်မယ့် Visa Economic Empowerment Institute (VEEI) ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီ အသေးစားစီးပွားရေးလုပ်ငန်း ၁၀ သန်းကို ထောက်ပံ့ရန် ကတိကဝတ်က ကမ္ဘာအနှံ့ရှိ အသေးစား စီးပွားရေး လုပ်ငန်းပေါင်း သန်း ၅၀ ကို အထောက်အပံ့ပေးမယ့် Visaရဲ့ ကမ္ဘာလုံးဆိုင်ရာအစီအစဉ်မှ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ အသေးစားစီးပွားရေးလုပ်ငန်းများက လူမှုအသိုင်းအဝိုင်းများ ပြန်လည်ထူထောင်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပြီး ကမ္ဘာလုံးဆိုင်ရာအလုပ်အကိုင်ရဲ့ ထက်ဝက်ကျော်ခန့်ရှိကာ ကူးစက် ရောဂါဖြစ်ပွားမှု အများဆုံးဒေသများတွင်ဖြစ်ပါတယ်။ အာရှပစိဖိတ်မှာ အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများက စီးပွားရေးလုပ်ငန်းများရဲ့ ၉၀ ရာခိုင်နှုန်းကျော်ရှိပြီး လုပ်သားအင်အားရဲ့ ၅၀ ရာခိုင်နှုန်းကို အလုပ်ခန့်ထားခြင်းဖြစ်ပါတယ်။

စီးပွားရေးအပေါ်သက်ရောက်မှုများအပြင် အခြားတစ်ဖက်တွင် COVID-19 ကြောင့် ငွေပေးချေသည့်စက် (Terminal) များကို ထိကိုင်ရန် မလိုအပ်သော ငွေပေးချေမှု နည်းလမ်းအသစ်များကို ရှာဖွေနေသူများအနေဖြင့် e-Commerce တွင် အများအပြားလုပ်ဆောင်လာခြင်းနှင့် Stay Home အခြေအနေများကြောင့် ဆိုင်များအတွင်း၌ ဈေးဝယ်ခြင်းအစား အွန်လိုင်းဈေးဝယ်ခြင်းများကိုသာ ပြုလုပ်လာသောကြောင့် ဒစ်ဂျစ်တယ်ကူးသန်း ရောင်းဝယ်ရေး အသုံးပြုမှု အတွေ့အကြုံများကိုလည်း အရှိန်မြှင့်တင်လာစေပါတယ်။ အာရှပစိဖိတ်တွင် သုံးစွဲသူများရဲ့ ၄၁ ရာခိုင်နှုန်းသည် လွန်ခဲ့သောသုံးလအတွင်း eCommerce အရောင်းအဝယ် ငါးခု သို့မဟုတ် ထိုထက်မက ပြုလုပ်ခဲ့ကြပါတယ်။ ဒေသတွင်းရှိ သုံးစွဲသူများရဲ့ လေးပုံသုံးပုံသည် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကျဆင်းသွားပြီးနောက်ပိုင်းတွင်လည်း ငွေသားများကို ပြန်လည်ကိုင်ဆောင် အသုံးပြုမည့်အစား ဒစ်ဂျစ်တယ် ငွေပေးချေမှုကိုသာ ဆက်လက်အသုံးပြုသွားမယ်လို့ သိရပါတယ်။

Visaက အသေးစားစီးပွားရေးလုပ်ငန်းများကို ကူညီရန်အတွက် အချိန်နှင့်အမျှ ဖြစ်ပေါ်နေသော စွန့်ဦး တီထွင်သူများရဲ့ လိုအပ်ချက်များ ပြောင်းလဲလာသည်နှင့်အတူ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ဆက်လက် ဖန်တီးရန် အစီအစဉ်များဖြင့် ဒစ်ဂျစ်တယ်ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင် ရန်အတွက် အစပိုင်းတွင် အောက်ပါ မဟာဗျူဟာမြောက် နယ်ပယ်လေးခုတွင် အာရုံစိုက်နေခြင်းဖြစ်ပါတယ်။

ဒီဂျစ်တယ် ဦးစားပေး စီပွားရေးလုပ်ငန်းများကို အားပေးကူညီခြင်း

အခုအခါ Visa ရဲ့ အွန်လိုင်းအခြေပြု စင်တာများက နိုင်ငံပေါင်း ၂၀ ကျော်မှာရောက်ရှိနေပြီဖြစ်ပါတယ်။ ဒီစင်တာများအနေဖြင့် အသေးစား ဒီဂျစ်တယ် စီးပွားရေးလုပ်ငန်းများတွင် လုပ်ငန်းစတင်မှု၊ လည်ပတ်မှု၊ ကြီးထွားမှုတို့အတွက် လိုအပ်သော ကိရိယာများ၊ မိတ်ဖက်များ၊ သတင်းအချက်အလက် များကို ပံ့ပိုးကူညီပေးလျက်ရှိပါတယ်။ ဒါ့အပြင် Visaက eCommerce နယ်ပယ်တွင် ဦးဆောင်နေသော ပလက်ဖောင်းများဖြစ်သည့် Shopify နှင့် Boutir တို့နှင့်အတူ ပူးပေါင်းပြီး သက်ဆိုင်ရာ နယ်မြေများရှိ စီးပွားရေးလုပ်ငန်းများကို အွန်းလိုင်းပေါ်တက်ရောက်နိုင်ရန် လုပ်ဆောင်ပေးနေပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းမှုတစ်ခုအနေဖြင့် IFundWomen နှင့် ပူးပေါင်းကာ အာရှပစိဖိတ်ဒေသအတွင်း တိုးချဲ့ ဆောင်ရွက်မှုများ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ပထမခြေလှမ်းအနေဖြင့် အိန္ဒိယနိုင်ငံရှိ အမျိုးသမီးပိုင် စီးပွားရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေနှင့် ဒီဂျစ်တယ်ဆိုင်ရာ သင်တန်းများ ပေးအပ်သွားမှာဖြစ်ပါတယ်။

ဒီဂျစ်တယ် ငွေပေးချေမှုစနစ်ကို အားပေးခြင်း

ငွေပေးချေရာတွင် လွယ်ကူစေသော ကိုင်တွယ်ထိတွေ့မှု မရှိသည့် ငွေပေးချေမှု (Touchless Payment) နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခြင်းက ကူးသန်ရောင်းဝယ်ရေးလုပ်ငန်းစဉ်များအတွက် ပိုမိုထိရောက် မြန်ဆန်စေသည့်အပြင် လုံခြုံစိတ်ချမှုကိုပါ အဓိက ပေးစွမ်းနိုင်ပါတယ်။ Visa က မြန်မာနိုင်ငံရှိ ပြည်တွင်းနှင့် ဒေသဆိုင်ရာ စီးပွားရေးလုပ်ငန်းများကို Contactless ငွေပေးချေမှုစနစ်ဖြင့် လုပ်ကိုင် ဆောင်ရွက်နိုင်ရန် အကူအညီပေးလျက်ရှိပါတယ်။ ဒါ့အပြင် Visaက ကတ်လက်ခံအသုံးပြုသည့်ဆိုင် (Point-of-sale) စနစ်များ မလိုအပ်ဘဲ ကုန်သည်ရဲ့ မိုဘိုင်းဖုန်းကို ငွေပေးချေသည့် စက်အဖြစ် (Terminal) ပြောင်းလဲပေးနိုင်သော ဖြေရှင်းမှုများ ပါဝင်တဲ့ တန်ဖိုးနည်း ဒီဂျစ်တယ် ငွေပေးချေမှု လက်ခံခြင်း စနစ်ကိုလည်း မိတ်ဆက်ပေးရန် လုပ်ဆောင်နေပါတယ်။

Visa နှင့် အကျိုးတူမိတ်ဖက် လုပ်ငန်းများ ပူးပေါင်း၍ မလေးရှားနိုင်ငံတွင် ဖုန်းဖြင့် ထိတွေ့ပြီး ငွေပေးချေမှု ဖြေရှင်းသည့် နည်းလမ်းများကို မိတ်ဆက်နိုင်ခဲ့သည့် အပြင် အာရှပစိဖိတ်ဒေသ၏ ဈေးကွက်များဖြစ်သည့် ဩစတြေးလျ၊ ဟောင်ကောင်၊ အိန္ဒိယ၊ ထိုင်ဝမ်၊ ဗီယက်နမ်နိုင်ငံများတွင်လည်း ဆက်လက်အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိပါတယ်။ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် B2B ဒီဂျစ်ငွေပေးချေမှုစနစ်များကိုလည်း Visa မှ ထောက်ပံ့ကူညီပေးလျက်ရှိပါတယ်။ ကုန်ပစ္စည်းများဝယ်ယူရာတွင် Visa စီးပွားရေးလုပ်ငန်းသုံးကဒ် (Visa Business Card) များကို အသုံးပြု၍ ဒီဂျစ်ငွေပေးချေမှုစနစ်ကို အသုံးပြုခြင်းက အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်ဖြစ်ထွန်းမှု၊ ဒေတာအချက်အလက် အသေးစိတ်များ ရရှိနိုင်မှုစသည့် အကျိုးရလဒ်များ ဖြစ်ပေါ်စေသည့်အတွက် လုပ်ငန်းဆောင်တာများ စီမံခန့်ခွဲရာတွင် ထိထိရောက်ရောက်လုပ်ဆောင်နိုင်ပါတယ်။ Visa က အသေးစားနှင့် အလတ်စား လုပ်ငန်းများကို အထူးမိတ်ဖက်များအဖြစ် ပါဝင်ရန် ကမ်းလှမ်းခဲ့ပြီး Accounting Platform များ၊ ဒီဂျစ်တယ်နည်းပညာအခြေပြု ဈေးကွက်ရှာဖွေရေးနှင့် ကျွမ်းကျင်မှုဆိုင်ရာ နည်းပညာသင်တန်းများ ပါဝင်သည့် စီးပွားရေးလုပ်ငန်းသုံးကဒ်များ အသုံးပြုနိုင်မှုဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင် နေပါတယ်။

အချင်းချင်း အားပေးကူညီ ထောက်ပံ့မှုပြုခြင်း

Visa ရဲ့ မိတ်ဖက်များက စားသုံးသူများကို ဘယ်နေရာတွင် သင်ဝယ်ယူသလဲဆိုတာဟာ အရေးပါ ကြောင်း သတိပေးရင်း ဒေသထွက်ပစ္စည်းများကိုသာ ဝယ်ယူအားပေးကြရန် တိုက်တွန်းလှုံ့ဆော်ကြပါတယ်။ Visa ကုမ္ပဏီရဲ့ “Back to Business Project” ကကူးစက်ရောဂါ သို့မဟုတ် သဘာဝဘေးအန္တရာယ် ကျရောက်ပြီးနောက် ပြန်လည်ဖွင့်လှစ်နိုင်သည့် စီးပွားရေးလုပ်ငန်းများကို စားသုံးသူများ ဖော်ထုတ်နိုင်ရန် ကူညီပေးသည့် အထောက်အကူပြု အွန်လိုင်းအခြေပြု ပရောဂျက်တစ်ခုဖြစ်ပါတယ်။ ယခုအခါ ဩစတြေးလျ၊ နယူးဇီလန်နှင့် အမေရိကန်နိုင်ငံများတွင် အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ကမ္ဘာအနှံ့တွင်လည်း တိုးချဲ့လုပ်ဆောင်လျက်ရှိပါတယ်။ Visa ရဲ့ “Where You Shop Matters” အစီအစဉ်ကို ဩစတြေးလျနှင့် နယူး ဇီလန်နိုင်ငံတို့တွင် စတင်မိတ်ဆက်ခဲ့ပြီး စားသုံးသူများအား အသေးစားစီးပွားရေးလုပ်ငန်းငယ်များကို ပံ့ပိုး ကူညီပေးကြရန် လှုံ့ဆော်ခြင်းဖြင့် အသေးစားနှင့် အလယ်စား လုပ်ငန်းရှင်များကို ရပ်တည် ကာကွယ်ပေး လျက်ရှိပါတယ်။ Visa က အခြားအာရှပစိဖိတ်ဈေးကွက်များဖြစ်သည့် ဟောင်ကောင်၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ဗီယက်နမ်တို့တွင် အဆိုပါအစီအစဉ်ကို ဆက်လက်တိုးချဲ့ လုပ်ဆောင် သွားမည်ဖြစ်ပါတယ်။

ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာများ ပြန်လည်နေရာချထားမှုနှင့် မူဝါဒချမှတ်ခြင်း

မနေ့က Visa ကလက်ရှိအစပြု လုပ်ဆောင်နေမှု လုပ်ငန်းစဉ်များအပြင် သူတို့ရဲ့ စီးပွားရေးဆိုင်ရာ စွမ်းအား မြှင့်တင့်ရေး အဖွဲအစည်းတစ်ခုဖြစ်တဲ့ “Visa Economic Empowerment Institute” ကိုပါ တည်ထောင် လိုက်ကြောင်း ကြေညာလိုက်တာဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းသစ်တွင် Visa မှ ကျွမ်းကျင်ပညာရှင်များနှင့် မိတ်ဖက်များ ပါဝင်ပြီး အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် ကြုံတွေ့လာနိုင်တဲ့ အခက်အခဲ များကို ဖြေရှင်းရန်၊ လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သော အချက်အလက်များ ပံ့ပိုးပေးရန်၊ လူမျိုးရေးနှင့် ကျား၊ မဆိုင်ရာ ခွဲခြားဆက်ဆံမှုများ ပပျောက်ရန်အတွက် ကူညီလုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ ဒါ့ပြင် နောင်လာမည့် ခြောက်လအတွင်းတွင်လည်း အကျပ်အတည်းကာလကျော်လွန်ပြီး ပြန်လည်ထူထောင်ရေးနှင့် ခံနိုင်ရည်ရှိမှု၊ မြို့ပြအတွင်း ရွေ့လျားလှုပ်ရှားမှု၊ တန်းတူညီမျှမရှိဘဲ အခွင့်အရေး ရရှိမှု ကွာခြားချက်များအပေါ် ပိတ်ပင်တားဆီးမှု၊ ပြောင်းလဲလာသော စီးပွားရေးပုံစံများအပေါ်ထိုးထွင်း သိမြင်လာမှုစသည့် စီမံကိန်းများကို အဓိကထား၍ အကောင်အထည်ဖော် ဆောင်ရွက်သွားကြမည် ဖြစ်ပါတယ်။

ဇွန်လ ၂၅ ရက်နေ့က ထုတ်ပြန်ချက်က လာမည့် (၅) နှစ်အတွင်း အသေးစားနှင့်အငယ်စားစီးပွားရေး အသိုင်းအဝိုင်းအတွက် ရေရှည်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် COVID-19 ကယ်ဆယ်ရေးရန်ပုံငွေအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၁၀ ထောက်ပံ့ရန်အတွက် ဧပြီလတွင် ကြေညာခဲ့သော Visa Foundation ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကတိကဝတ်ပြုမှုရဲ့ နောက်ဆက်တွဲဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top