ဂျပန်နိုင်ငံမှာ ဂေရှားမယ်တွေကို ခွင့်ပြုချက်မရဘဲ ဓာတ်ပုံရိုက်ရင် ဒဏ်ငွေရိုက်မယ်

3.3.24-yyl-1.jpg

ဂေရှားမယ်တွေကို ခွင့်ပြုချက်မရဘဲ ဓာတ်ပုံ ရိုက်ကူး ဖော်ပြတဲ့ ပါပါရာဇီတွေကို ဒဏ်ရိုက်မယ့် ဥပဒေတစ်ရပ်ကို ဂျပန်နိုင်ငံ ကျိုတိုမြို့မှာ ပြဋ္ဌာန်းလိုက်ပါပြီ။ ကျိုတိုမြို့ရဲ့ နာမည်ကျော် ဂီအွန်းရပ်ကွက်မှာ ဂေရှားမယ်တွေနဲ့ မိုင်ကိုလို့ခေါ်တဲ့ ဂေရှားပညာသင်တွေကို တွေ့ရလေ့ရှိပါတယ်။

ဂေရှားမယ်တွေကို ခွင့်ပြုချက်မရဘဲ ဓာတ်ပုံ ရိုက်ကူးဖော်ပြတဲ့ ပါပါရာဇီတွေကို ယန်း ၁၀၀၀၀ ( အမေရိကန်ဒေါ်လာ ၆၇)အထိ ဒဏ်ရိုက်မယ်လို့ ဂီအွန်း တောင်ပိုင်းခရိုင်ကောင်စီ အတွင်းရေးမှူး အီဆိုခဇုအိုတာက ပြောပါတယ်။ ဂျပန်ရိုးရာ ကီမိုနိုဝတ်စုံ ဝတ်ဆင်ထားတဲ့ ဂေရှားမယ်တွေဟာ လွန်ခဲ့တဲ့ နှစ် ၂၀၀ က ဂျပန်သမိုင်းကြောင်းကို ပြန်အမှတ်ရစရာ ဖြစ်စေပါတယ်။

တူရိယာပစ္စည်းတွေ တီးမှုတ်ပြီး သီချင်းဆိုဖျော်ဖြေတာ၊ ညစာစားသူတွေကို ရေနွေးကြမ်းငှဲ့ပြီး တည်ခင်းဧည့်ခံတာမျိုးနဲ့ ဖျော်ဖြေတဲ့ ဂေးရှာမယ်တွေဟာ ဂီအွန်းမြို့ရဲ့ တစ်စိတ်တစ်ဒေသဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်တွေကို အဓိကဆွဲဆောင်မှုတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာလှည့်ခရီးသည်တွေဟာ ဂေရှားမယ်တွေကို ဓာတ်ပုံရိုက်လေ့ရှိတာကြောင့် ဂေရှားမယ်တွေဟာ ဂီအွန်းရပ်ကွက်ရဲ့ လမ်းမြှောင်တွေကြောင်း ရှောင်ရှားသွားလာရလေ့ရှိပါတယ်။

Ref:Kyoto Passes Law to Protect Traditional Geisha From the Obnoxious Tourist ‘Paparazzi’

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top