ညဘက် ထွက်လည်ရင်းရတဲ့ အကြံကို အကောင်အထည်ဖော်ပြီး ၁ လကျော်အတွင်း ပေါင် ၅သောင်းခွဲ ရှာဖွေနိုင်ခဲ့သူ

16.3.2023-yyl-iamge-17.jpg

သြစတြေးလျလူငယ်လေး ဘိုင်လေပေ့ချ်ဟာ ညဘက် အပြင်ထွက်လည်ရင်း ဖုန်းအားကုန်သွားလို့ အငှားယာဉ် ခေါ်မရတဲ့အတွက် အိမ်ကို လမ်းလျှောက်ပြန်ခဲ့ရပါတယ်။ အဲဒီဖြစ်ရပ်ကနေ သူက ကြိုးမလိုတဲ့ အိတ်ဆောင်အားသွင်းကိရိယာ ဖန်တီးဖို့ အကြံရခဲ့တာပါ။

တက္ကသိုလ် နောက်ဆုံးနှစ် တက်နေတဲ့ ဘိုင်လေပေ့ချ်ဟာ သူ စုဆောင်းထားတဲ့ငွေလေးတွေနဲ့ ကြိုးမလိုတဲ့ အိတ်ဆောင်အားသွင်းကိရိယာ ဖန်တီးခဲ့ပါတယ်။ ပထမအသုတ်အဖြစ် ထုတ်လုပ်ခဲ့တဲ့ အိတ်ဆောင်အားသွင်းကိရိယာတွေဟာ ၂ ပတ်အတွင်း ရောင်းကုန်သွားခဲ့ပြီး ၁လခွဲအတွင်းမှာပဲ ပေါင် ၅၅၀၀၀ ဝင်ငွေရခဲ့ပါတယ်။ ဒါဟာ Zip Zap Chargers ဖြစ်လာစေတဲ့ အကြောင်းရင်းပါပဲ။

လူငယ်တွေအတွက် ဘိုင်လေပေ့ချ်ရဲ့ စကားတစ်ခွန်းကတော့ ” လုပ်စရာရှိတာကို ရဲရဲကြီး လုပ်ချလုပ်ပါ။ တစ်ခုခုဖြစ်မြောက်လာစေဖို့ အကြီးမားဆုံးအတားအဆီးက စလုပ်ဖို့ပါပဲ။ ကိုယ်လုပ်ချင်တာကို စလုပ်လိုက်လို့ အရှုံးမရှိပါဘူး”တဲ့။

Ref: Lad makes nearly £100k in just six weeks from simple idea he had on night out

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top