ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ Showroom တွေ ဖွင့်လှစ်သွားမယ့် Chery Automobile

16.3.2023-yyl-iamge-16.jpg

Chery Automobile ဆိုတာ ကမ္ဘာပေါ်မှာ အားပေးသူ ၉ သန်းကျော် ပိုင်ဆိုင်ထားပြီး တရုတ်နိုင်ငံရဲ့ ထိပ်တန်းကားအမှတ်တံဆိပ် ဖြစ်ပါတယ်။ Chery ရဲ့ Tiggo 7 Pro ဟာ ကာတာဈေးကွက်မှာ စတင်ရောင်းချပြီး ၆ လမပြည့်ခင် အချိန်အတွင်း ရောင်းအားအကောင်းဆုံး SUV ဆု ရခဲ့သလို Tiggo 8 ရဲ့ တစ်နှစ်တာရောင်းအားကလည်း အစီးရေ ၁၀၀၀၀၀ ကျော် ရှိခဲ့ပါတယ်။

အဲဒီမော်ဒယ် ၂ မျိုးက Chery Automobile ရဲ့ ရောင်းအားကိုလည်း သိသိသာသာ မြင့်တက်စေခဲ့တာပါ။ Chery ကားတွေကို Authorized Dealer အဖြစ် Performance Auto International Co,.Ltd မှ SKD အနေဖြင့် ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ Showroom များ ဖွင့်လှစ်ပြီး ယခုနှစ်အတွင်း ရောင်းချပေးဖို့ ရှိနေပါတယ်။

Chery Automobile ဟာ မြန်မာဈေးကွက်ရဲ့ ထိပ်တန်းအမှတ်တံဆိပ် ၅ ခုစာရင်းမှာ ပါဝင်နိုင်ဖို့လည်း ရည်ရွယ်နေပါတယ်။ရိုးရာလေးပရိသတ်တွေကရော Chery Automobile ရဲ့ ဘယ်မော်ဒယ်ကို အနှစ်သက်ဆုံးလဲဆိုတာ မှတ်ချက်ပေးခဲ့ပါဦး။ အောက်ပါလင့်ခ်မှာ ဝင်ရောက်ပြီး (သို့မဟုတ်) QR Code ကို Scan ဖတ်ပြီး Chery ရဲ့ Brand Investigation မှာ ပါဝင်ပေးဖို့ ဖိတ်ခေါ်ပါရစေ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top