သဲကန္တာရထဲ သွားလာရင်း လမ်းပျောက်သွားသူတွေ ဘေးကင်းလုံခြုံစွာ ခိုလှုံနိုင်ဖို့နဲ့ ရေသောက်နိုင်စေဖို့အတွက် ဆော်ဒီနိုင်ငံမြောက်ပိုင်း နာဖုဒ်သဲကန္တာရထဲမှာ လမ်းပြလေဆာရောင်ခြည်တွေ တပ်ဆင်ထားပါတယ်။

သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ၊ နယ်မြေသစ် စူးစမ်းရှာဖွေသူ အယ်ရမ်မာလီက သဲကန္တာရထဲ လမ်းပျောက်သွားသူတွေကို ကြိမ်ဖန်များစွာ ကယ်ဆယ်ရေးလုပ်ပေးရင်းနဲ့ ဆိုလာစွမ်းအင်သုံး လမ်းပြလေဆာရောင်ခြည်တွေ တပ်ဆင်ဖို့ အကြံရခဲ့တာပါ။ သူ့ရဲ့အကြံကို သဘောကျသွားတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုလာစွမ်းအင်သုံး လေဆာရောင်ခြည် ၁၀၀ ကျော် တပ်ဆင်ဖို့ ရင်းနှီးမတည်ပေးခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ စတင်တပ်ဆင်ခဲ့တာဖြစ်ပါတယ်။

Ref: Laser beacons light the way in Saudi Arabia’s northern Nafud Deserts
NZ (ရိုးရာလေး)