မင်းသားလေးလူးဝစ်ရဲ့ ၆ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ပုံအသစ် ထွက်ရှိလာ

24.4.24-yyl-1.jpg

ဝီလျံမင်းသားနဲ့ ကိတ်တို့ရဲ့အငယ်ဆုံးသား မင်းသားလေးလူးဝစ်ဟာ ဧပြီလ ၂၃ ရက်နေ့မှာ အသက် ၆ နှစ်ပြည့်မြောက်သွားခဲ့ပါပြီ။ မွေးနေ့အထိမ်းအမှတ်အဖြစ် ကိတ် ရိုက်ထားတဲ့ မင်းသားလေးလူးဝစ်ရဲ့ဓာတ်ပုံကို မျှဝေပေးခဲ့ပါတယ်။ အဲဒီဓာတ်ပုံကို ဝီလျံမင်းသားနဲ့ ကိတ်ရဲ့လူမှုကွန်ယက်အကောင့်ကနေ မျှဝေပေးခဲ့တာပါ။

ဓာတ်ပုံထဲမှာ လူးဝစ်ကို အကွက်ရှပ်အင်္ကျီဝတ်ဆင်ထားပြီး စောင်ပေါ်မှာ မှောက်လျက်အနေအထားနဲ့ပြုံးပြနေတာတွေ့ရပါတယ်။ ဓာတ်ပုံကို “ပျော်ရွှင်စရာ ၆ နှစ်ပြည့်မွေးနေ့ဖြစ်ပါစေ မင်းသားလေး လူးဝစ်။ ဒီနေ့ အကြင်နာတရားအပြည့်နဲ့ဆုမွန်ကောင်းတွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်”ဆိုတဲ့စာသားနဲ့ တင်ခဲ့တာပါ။

မိသားစုနေအိမ်မှာ ရိုက်ထားတဲ့ ဒီဓာတ်ပုံအသစ်ဟာ မတ်လအစောပိုင်းကတည်းကတည်းက ဝီလျံနဲ့ကိတ်တို့ တင်ခဲ့တာ ပထမဆုံးပါ။ ဝီလျံက ကိတ်နဲ့ကလေး ၃ ယောက်ပုံကိုလည်း ရိုက်ခဲ့ပြီး ဗြိတိန်မှာ အမေများနေ့အထိမ်းအမှတ်အဖြစ် မျှဝေခဲ့ပါသေးတယ်။

မင်းသားလေးလူးဝစ်ရဲ့နာမည်အရင်းက လူးဝစ်အာသာချားလ်ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဧပြီ ၂၃ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ သူ့ကို မွေးဖွားပြီး ၇ နာရီအကြာမှာ စိန့်မေရီဆေးရုံအပြင်ဘက်ဆီ ဝီလျံနဲ့ ကိတ်တို့ ခေါ်ဆောင်လာချိန် ပထမဆုံးလူကြားထဲ ထွက်လာခဲ့တာပါ။ အဲ့ဒီကစပြီး တော်ဝင်ပွဲအခမ်းအနားတွေမှာလည်း မင်းသားလေးလူးဝစ်က လူအများရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။

Ref: Prince William, Kate Middleton share new photo of Prince Louis for his 6th birthday

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top