မိန်းမတွေကို ကြောက်လို့ ၅၅ နှစ်ကြာ တစ်ဦးတည်း သီးခြားနေထိုင်ခဲ့သူ

24.4.24-yyl-8.jpg

အာဖရိကအမျိုးသားတစ်ယောက်ဟာ အမျိုးသမီးတွေကို ကြောက်တဲ့ရောဂါကြောင့် ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်မလုပ်ဘဲ ၅၅ နှစ်ကြာ တစ်ကိုယ်တည်း သီးခြားနေထိုင်ခဲ့ပါတယ်။ ရဝမ်ဒါနိုင်ငံသား အန်ဇမ်ဝီတာဟာ အသက် ၁၆ နှစ်အရွယ်မှာ အမျိုးသမီးတွေကို ကြောက်တဲ့စိတ် (gynophobia) စတင်ခံစားခဲ့ရပြီး သူ့အိမ်ကို ခြံစည်းရိုးမြင့်မြင့် ကာရံကာ အခန်းကျဉ်းလေးထဲမှာ သီးခြားနေထိုင်ခဲ့တာပါ။

ရှုပ်ပွနေတဲ့ သူ့အခန်းလေးထဲမှာ အိပ်စင်၊ မီးဖိုချောင်နဲ့ ရေအိမ် တွဲလျက် ရှိပါတယ်။ အန်ဇမ်ဝီတာက အမျိုးသမီးတွေကို ကြောက်ရွံ့ပေမဲ့ အိမ်နီးနားချင်း အမျိုးသမီးတွေကတော့ သူ့အပေါ် စေတနာထားကြပြီး စားစရာတွေ၊ ကုန်ခြောက်လေးတွေကို သူ့ခြံဝန်းထဲ ပစ်ပေးလေ့ ရှိပါတယ်။ အန်ဇမ်ဝီတာက သူတို့ ပစ်ပေးတဲ့ စားစရာတွေကို ယူစားလေ့ရှိပေမဲ့ ပတ်ဝန်းကျင်က အမျိုးသမီးတွေနဲ့တော့ လုံးဝ စကားပြောဆို ဆက်ဆံခြင်း မရှိပါဘူး။

၂၀၂၃ ခုနှစ်မှာတော့ အာဖရိမီဒီယာတစ်ခုဖြစ်တဲ့ Afrimax က သူ့ကို တွေ့ဆုံမေးမြန်းခဲ့ပြီး အင်တာဗျူးအစီအစဉ် ဖော်ပြခဲ့ရာမှာ သူ့အကြောင်း လူသိများလာခဲ့တာပါ။ အခုချိန်မှာတော့ အန်ဇမ်ဝီတာက အသက် ၇၂ နှစ် ရှိနေပါပြီ။

Ref:African Man Has Been Living in Isolation for 55 Years Due to His Fear of Women

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top