ဂီတစွမ်းရည်နဲ့ လူသန်းပေါင်းများစွာကို တအံ့တသြလုပ်ခဲ့တဲ့ ပါရမီရှင်လေး

yyl-24-047.jpg

အသက် (၄) နှစ်သာရှိသေးတဲ့ ဒရမ်သမားလေးက သူ့ရဲ့ဂီတစွမ်းရည်နဲ့ အင်တာနက်အသုံးပြုသူ သန်းပေါင်းများစွာကို ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။ အဲဒီဒရမ်သမားလေးက ဆီနီကာ ဝိုက်ဟတ်ဒ် (Seneca Whitehead) ဖြစ်ပြီး သူ့မိခင် ရိုက်ကူးခဲ့တဲ့ ဗီဒီယိုကြောင့် သူ့ကို လူတွေသတိထားမိခဲ့တာပါ။

ဂျော်ဂျီယာနိုင်ငံက အထက်တန်းကျောင်းဘောလုံးပွဲတစ်ခုမှာ ဘင်ခရာအဖွဲ့နဲ့အတူ ဆီနီကာ ပါဝင်ဒရမ်တီးနေတာကို သူ့မိခင်က ဗီဒီယိုရိုက်ထားခဲ့ပါတယ်။ အဲဒီဗီဒီယိုက သူ့ရဲ့စွမ်းရည်ကို ပြသနေတာဖြစ်ပြီး ဖေ့စ်ဘွတ်ခ်မှာ (၇) သန်းနီးပါး ကြည့်ရှုခဲ့ပါတယ်။

ကျောင်းသားမိဘတွေထဲက တစ်ယောက်က ဒရမ်တီးနေတဲ့ ဆီနီကာကို မြင်ပြီး “အို..သူက အရမ်းချစ်ဖို့ကောင်းတာပဲ။ ဘင်ခရာအဖွဲ့နဲ့အတူ ပါဝင်တီးခတ်နိုင်တယ်လား” ဆိုပြီး တအံ့တသြဖြစ်လို့နေပါတယ်။ ဆီနီကာရဲ့မိခင်ကတော့ သူမှာ ဒရမ်တီးတဲ့သားတစ်ယောက်ရှိပါသေးတယ်။ သူ့အစ်ကိုဆီကနေ ဆီနီကာက အတုခိုးတီးခဲ့တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ABC သတင်းဌာနက ဆီနီကာကို “Strahan, Sara & Keke” အစီအစဉ်ကို ဖိတ်ကြားခဲ့ပြီး ဆီနီကာက အဲဒီအစီအစဉ်မှာ ဒရမ်တီးခတ်ပြခဲ့ပါတယ်။ သူ့မိဘတွေကလည်း အဲဒီအစီအစဉ်မှာပဲ မွေးနေ့လက်ဆောင်အဖြစ် ဆီနီကာကို ဒရမ်စက်တစ်စုံနဲ့ အံ့အားသင့်အောင်လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဗီဒီယို ကြည့်ရှုရန်

Ref: ABCNews “4-year-old’s jaw-dropping drum skills viewed by millions on Facebook”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top