ရေအောက်ကေဘယ်ကြိုးတွေ သွယ်တန်းပေးတဲ့ ကမ္ဘာ့အကြီးဆုံး သင်္ဘောကြီး

24.12.2024-yyl-8.jpg

အင်တာနက်လိုင်း၊ လျှပ်စစ်လိုင်းနဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေ သွယ်တန်းဖို့ အသုံးပြုတဲ့သင်္ဘောတွေထဲမှာတော့ အီတလီအလံ လွှင့်ထူထားတဲ့ လီယိုနာဒိုဒါဗင်ချီသင်္ဘောက အကြီးဆုံးပါပဲ။

ရေအောက်အနက် မီတာ ၃၀၀၀ မှာ ကေဘယ်ကြိုးတွေ သွယ်တန်းပေးနိုင်စွမ်းရှိပြီး တန်ချိန် ၁၇၀၀၀ တင်နိုင်စွမ်း ရှိပါတယ်။ လီယိုနာဒိုဒါဗင်ချီသင်္ဘောဟာ ကေဘယ်ကြိုးကို တစ်ကြိုးတည်း မဟုတ်ဘဲ တပြိုင်တည်း နှစ်ကြိုး သွယ်တန်းပေးနိုင်တာကြောင့် အလုပ်ပြီးမြောက်မှုနှုန်း ပိုမိုမြန်ဆန်ပါတယ်။

မျက်မှောက်ခေတ် နည်းပညာလောကရဲ့ အံ့ဘွယ်တည်ဆောက်မှုတစ်ခုဖြစ်တာကြောင့် ကမ္ဘာကျော် ပန်းချီဆရာ လီယိုနာဒိုဒါဗင်ချီရဲ့ အမည်ကို အစွဲပြု မှည့်ခေါ်ခဲ့တာပါ။

လွန်ခဲ့တဲ့ ၃ နှစ်မှာ အီတလီနိုင်ငံအခြေစိုက် ကေဘယ်ကြိုး ထုတ်လုပ်ရေးကုမ္ပဏီ Prysmian Group က တည်ဆောက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ မြောက်ပင်လယ်ထဲမှာ ကေဘယ်ကြိုးတွေ သွယ်တန်းလျက်ရှိပါတယ်။

Ref: Leonardo da vinci vessel
NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply