ဟိုတယ်ရဲ့ ၃လွှာကနေ ပြုတ်ကျပြီး သေဆုံးခဲ့တဲ့ One Direction အဖွဲ့ဝင်ဟောင်း လီယမ်ပိန်း

18.10.2024-yyl-1.jpg

One Direction အဖွဲ့ဝင်ဟောင်း လီယမ်ပိန်းဟာ အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရိစ်မြို့က ဟိုတယ်တစ်ခုရဲ့၃ လွှာကနေ ပြုတ်ကျသေဆုံးသွားခဲ့ပါတယ်။ သူ သေဆုံးချိန်မှာ အသက် ၃၁ နှစ်ရှိပါပြီ။

လီယမ်ပိန်းသေဆုံးမှုဖြစ်ရပ်က Palermo ရပ်ကွက်ရှိ Costa Rica လမ်းက ဟိုတယ်တစ်ခုမှာ အောက်တိုဘာ ၁၆ ရက်နေ့က ဖြစ်ခဲ့တာပါ။ အမျိုးသားတစ်ဦးအရက်သေစာသောက်စားမူးယစ်ပြီး ရန်လိုနေတယ်လို့အကြောင်းကြားမှုကြောင့် ရဲတပ်ဖွဲ့က ဟိုတယ်ကို သွားရောက်ခဲ့တာပါ။ ဟိုတယ်မန်နေဂျာက ဟိုတယ်နောက်ဘက်မှာ ကျယ်လောင်တဲ့ဆူညံသံတွေကြားခဲ့ရတယ်လို့ ဆိုပါတယ်။ ရဲတွေရောက်လာချိန်မှာ အဲ့ဒီအမျိုးသားသူ့ရဲ့ဟိုတယ်အခန်းဝရံတာကနေ ပြုတ်ကျသေဆုံးနေတာကို တွေ့ရှိခဲ့ရတာပါ။ အဲ့ဒီတုန်းက ရဲတွေက ဘယ်သူဘယ်ဝါမှန်းမသိခဲ့ပါဘူး။

အာဏာပိုင်တွေက လီယမ်ပိန်းရဲ့သေဆုံးရခြင်းအခြေအနေကို စုံစမ်းစစ်ဆေးနေပါတယ်။

လီယမ်ပိန်းကို အောက်တိုဘာ ၂ ရက်နေ့က အာဂျင်တီးနားနိုင်ငံမှာ သူ့ရဲ့အဖွဲ့ဝင်ဟောင်း နီရဲလ်ဟိုရန်ရဲ့ဖျော်ဖြေပွဲတက်ရောက်ခဲ့တာကို တွေ့မြင်ခဲ့ရတာပါ။ သူဟာ မကြာသေးခင်ကမှ သူ့ရဲ့အသက် ၃၁ နှစ်ပြည့်မွေးနေ့ကို ဗြိတိန်မှာ ဆင်နွှဲခဲ့တာပါ။

Ref: Liam Payne, former One Direction member, dead at 31

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top