စာလုံးပေါင်းသတ်ပုံမှားနေတဲ့ သြစတြေးလျဒေါ်လာ

59832835_2368619139835659_8657404121583714304_n.jpg

အခုနောက်ဆုံး ရိုက်နှိပ်ခဲ့တဲ့ သြစတြေးလျဒေါ်လာ (၅၀) တန်မှာ စာလုံးပေါင်းသတ်ပုံ အမှားအယွင်းဖြစ်ပေါ်ခဲ့ပါတယ်။ သြစတြေးလျနိုင်ငံ အရန်ဘဏ် (RBA)က responsibility ဆိုတဲ့ စကားလုံးမှာ i မပါဘဲ responsibilty လို့ ရေးသားမိခဲ့ပါတယ်။

ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ RBA က စာလုံးပေါင်းသတ်ပုံအမှားအယွင်းကို အတည်ပြုခဲ့ပြီး နောက်ထပ်ရိုက်နှိပ်မယ့် ငွေစက္ကူတွေမှာ အမှားပြင်ဆင်သွားမယ်လို့ ဆိုပါတယ်။ သြစတြေးလျနိုင်ငံတစ်ဝန်းမှာ ဒေါ်လာ (၅၀) တန် အရွက်ရေ (၄၆) သန်းနီးပါး အသုံးပြုနေကြပါတယ်။ မနှစ်တုန်းက ရိုက်နှိပ်ခဲ့တဲ့ ဒေါ်လာ (၅၀) တန်မှာ သြစတြေးလျနိုင်ငံရဲ့ ပထမဆုံးအမျိုးသမီးလွှတ်တော်အမတ် အက်ဒစ်ကိုဝမ်ရဲ့ ရုပ်ပုံကို ဖော်ပြထားပါတယ်။ အက်ဒစ်ကိုဝမ် ရုပ်ပုံရဲ့ နောက်ဘက်မှာ မြက်ခင်းပြင်တစ်ခုရှိပြီး မြက်ခင်းပြင်အဖြစ် ရေးဆွဲထားတဲ့ အတွန့်တွေမှာ စကားလုံးတွေရေးသားထားပါတယ်။ အဲဒီစကားလုံးတွေဟာ လွှတ်တော်မှာ အက်ဒစ်ကိုဝမ် ပထမဆုံးပြောကြားတဲ့ မိန့်ခွန်းထဲကနေ ထုတ်နုတ်ထားတာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top