ဆည်ကျိုးပြီး ဆူနာမီလှိုင်းလို ရေလုံးကြီးထဲ မြို့ထဲဝင်လာလို့ လစ်ဗျားမှာ လူ ၂၃၀၀ သေဆုံးပြီး လူသောင်းချီ ပျောက်ဆုံးနေ

12.9.23-yyl-5.jpg

လစ်ဗျားနိုင်ငံအရှေ့ပိုင်း ဒါနာဆိပ်ကမ်းမြို့မှာ မုန်တိုင်းတိုက်လို့ ဆည်ကျိုးပြီး ရေဖုံးလွှမ်းခဲ့လို့ အနည်းဆုံး လူ ၂၃၀၀ သေဆုံးပြီး လူသောင်းချီ ပျောက်ဆုံးနေပါတယ်။ ကျွမ်းကျင်တဲ့ ရေ/သန့် အင်ဂျင်နီယာတွေရဲ့ ပြောကြားချက်အရ ဒါနာမြို့နဲ့ ၈ မိုင်ကွာဝေးတဲ့ ဆည်ကျိုးပြီး တောင်ကြားတစ်လျှောက် ရေတွေစီးဆင်းလာကာ မြို့နားက ဆည်ထံကို ရေတွေ စုဝေးလာခဲ့တာလို့ ဆိုပါတယ်။

မြို့နားက ဆည်ကျိုးချိန်မှာ ဆူနာမီလှိုင်းလို ရေလုံးကြီးတွေ မြို့ထဲ ဝင်ရောက်လာပြီး လူတွေရော၊ ကားတွေပါ ရေစီးနဲ့အတူ မျောပါသွားခဲ့ကြတာပါ။

သူနာပြု မလုံလောက်တဲ့ ပြဿနာကြုံနေရလို့ ဆေးဘက်ဆိုင်ရာ ပညာရပ် ပြီးမြောက်ထားတဲ့ လစ်ဗျားလူငယ်တွေအနေနဲ့ ပါဝင်ကူညီပေးကြဖို့ လုပ်အားပေးအဖွဲ့က တောင်းဆိုထားပါတယ်။
အမေရိကန်၊ ဂျာမနီ၊ ကာတာ၊ တူရကီ၊ အီတလီ၊ အီရန်နိုင်ငံတွေက ရေဘေးသင့် ဒါနာမြို့ထံ အထောက်အပံ့ပစ္စည်းတွေ လှူဒါန်းပေးပို့ခဲ့ကြပါတယ်။

Ref: Libya floods: Flooded city buries its dead in mass graves

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply